
NIH မှာကိုကြီးကျောက်ကိုဖန်ပေါင်းချောင်ထဲထည့်ပြီး ကြွက်လေးတွေလို ဆေးတိုက်လိုက် တပတ်လောက်ပြေးခိုင်းလိုက်၊ ပြေးပြီးရင် ပီဇာလေးကြွေးလိုက်၊ ဆေးထိုးလိုက် ဖန်ပြွန်ထဲ ဝမ်းလျားထိုးသွားခိုင်းလိုက် ..ဟိုဖက်ရောက်ရင် ဟော့ဒေါ့လေးကြွေးလိုက်နဲ့ ကိုကြီးကျောက်မှာဖြင့် စားရချည့်သေးပေါ့လေ..စိတ်ကူးတွေယဉ်လို့ ၊ ချိုရဲရဲ ဒိုးနတ်တွေ ကြွေးရင်တော့ ဒါတော့မကြိုက်ဘူး နောက်တခါ မုန့်ပေါင်းကြွေးလို့ ပြောရမယ်လို့ တွေးရင်း ချိန်းထားတဲ့ မနက် ၈ နာရီမှာ NIH ကို ရောက်ပါလေရောဗျား၊

ကိုကြီးကျောက် အဲဒီကို ရောက်တော့ ပထမ admissions မှာလူနာစာရင်းကိုသွင်း၊ လိုအပ်တဲ့လက်မှတ်တွေထိုး ၊ပြီးတဲ့နောက်မှာတော့ သွေးစစ်ရတော့မယ်၊ ဘယ်မှာစစ်ရမလဲဆိုတာ အဲဒီက အဖြူမလေးကိုမေးတော့ phlebotomy မှာစစ်ရမယ်တဲ့..၊ ကိုကြီးကျောက်ကလဲ ဆေးပညာရပ်ဆိုင်ရာ စကားလုံးတွေနဲ့ နားဝေးလိုက်တာ ၊ သူ ဘာပြောလို့ ပြောမှန်းမသိဘူး၊ အူတိအူကြောင်ဖြစ်နေတဲ့ ကိုကြီးကျောက်ကို သူက အင်္ဂလိပ်လို နားမလည်ဘူးလားတဲ့ ..၊ ကိုကြီးကျောက်ကလဲ လွယ်လွယ်ပါပဲ နားမလည်ဘူး လို့ပဲဖြေလိုက်တော့..ဟောဗျား..သူကိုယ်တိုင်လိုက်ပြီး လမ်းညွှန်ပေးလိုက်တာ ဆိုက်ဆိုက်မြိုက်မြိုက်ပါပဲ၊
အင်္ဂလိပ်လိုညံ့တာလောက်ကတော့ ကိုကြီးကျောက်တို့က အရေးမစိုက်ပေါင်၊ ဗမာပြည်သွားပြီး မော်ဒယ်လုပ်လို့ရပါ့..၊ ဗမာပြည်မှာ မော်ဒယ်တွေ မယ်တွေလုပ်ချင်ရင် အင်္ဂလိပ်လို ညံ့ဖျင်းရမယ်လို့များ သတ်မှတ်ထားသလားမသိပါဘူး..၊ ဟိုတနေ့က ဗီယက်နမ်မှာလုပ်တဲ့ အာစီယံမယ် ရွေးပွဲထင်ပါရဲ့ ဆန်ခါတင် ၅ ယောက်မှာ ကျန်တဲ့ နိုင်ငံက ကောင်မလေးတွေကအင်္ဂလိပ်လို သပ်သပ်ယပ်ယပ် ပြောသွားလိုက်ကြတာ...၊ ဗမာပြည်က သန္တာနွယ်တဲ့ဗျား....အင်္ဂလိပ် အသံထွက် လေယူလေသိမ်းကလဲ ညံ့ရတဲ့အထဲ ခွေးအ ကြီး လှည်းနင်းခံရသလို အိုင်....အိုင်...အိုင်...နဲ့ ရှေ့ကို ဆက်မတက်နိုင်ဘူး၊ အိုင် လဗ် ဗီယက်နမ် ကိုပဲ ထပ်ခါတလဲလဲ ပြောနေတော့ အစီအစဉ်တင်ဆက်တဲ့ ဗီယက်နမ်ကောင်လေးလဲ သူ ဒီလောက်တောင် လဗ်နေတာ ကြာတော့ လန့်လာသလားမသိဘူး တော်ပါတော့ကို ပြောယူရတယ်၊
အမယ်...သူက အပြောသာမရတာ ပေါင်တော့ကားတတ်သဗျ၊ ကိုကြီးကျောက်တောင် သူပေါင်ကားတာကြည့်ပြီး စပွန်ဆာလုပ်ချင်စိတ်တွေတောင် တဖွားဖွားဖြစ်လာသဗျ၊ ဒါပေမဲ့လဲ ဟို မော်ဒယ်မလေးလို နိုင်ငံခြားကို ဈေးဝယ်တခါထွက်ရင် ဒေါ်လာတသိန်းသုံးချင်တယ် ဆိုရင်ဖြင့် ကိုကြီးကျောက်အတွက် မခက်ပေဘူးလားခင်ဗျာ၊ ဒါနဲ့ ကိုကြီးကျောက်လဲ ကိုယ့်ဖာသာကိုယ်ပြန်ပြီး ဆုံးမနေရတယ်၊ စိတ်လျော့....မောင်ကျောက်...စိတ်လျော့ လို့၊ ဖလော်ရီဒါက ဖို့ဒ် လော်ဒါဒေးမှာရှိတဲ့ အာချန်းအိမ်ကဒေါ်လာ၁၅၀တန် ပြည်ကြီးမတွေလဲ သူလို ပေါင်ကားတတ်တာပဲလို့..ဘာမှမထူးပါဘူးလို့၊


ကိုင်း....CT Scan ရိုက်ပြီးပြီဆိုတော့ ဆရာဝန်နဲ့ တွေ့ဖို့ ၁၃ ထပ်ကို တက်ရတာပေါ့၊ အဲဒီမှာ ကိုကြီးကျောက်ကို အရပ်တိုင်း၊ အလေးချိန်ပြီးတော့၊ ကိုကြီးကျောက်ရယ်၊ coordinator ရယ်၊ ဆရာဝန်ရယ်၊ ဆွေးနွေးပွဲ စကြတော့တာပဲ၊ ကိုကြီးကျောက်ကို follow up လုပ်တဲ့ ဆရာဝန်က ဘာဆေးတွေတိုက်သလဲလို့ မေးတော့ spironolactone လို ဆီးဆေးလောက်ပဲတိုက်တာလို့ sorafenib က ကိုကြီးကျောက်နဲ့ မတည့်လို့ ဒီဇင်ဘာကထဲက ရပ်ထားတာလို့ ပြောလိုက်တယ်၊ ဒါပေမဲ့ သူ့တို့ နားမလည်နိုင်အောင်ဖြစ်နေတာက ကိုကြီးကျောက်ရဲ့ သွေးစစ်အဖြေတွေက ကောင်းနေတာ၊ သွေးထဲမှာ billirubin ဆိုတဲ့ အဝါရောင်ပါဝင်မှုက ဇန်နဝါရီမှာ ၆ ၊ ဖေဖေါ်ဝါရီမှာ ၄ ၊ ခု စစ်တော့ ၃ ၊ဖြစ်နေပြီ၊ တဖြေးဖြေး ကျလာတာ၊
ဒါနဲ့ ကိုကြီးကျောက်ကို တခြားဘာတွေလုပ်သလဲလို့မေးတော့ ...အ...ဟတ်...ဟတ်...ဒီတခါတော့ ကိုကြီးကျောက်က ကောင်းကောင်း ဒိုင်သွင်းတဲ့ အလှည့်ဖြစ်လာပြီလေ...၊ငါကတော့ တနေကုန် မထတန်း တရားမှတ်နေတာပဲလဲ ပြောလိုက်ရော...အို.... ရှားရှားပါးပါး တွေ့ရတဲ့ သူတော်စင်ကို ဖူးတောင့်ဖူးခဲ တွေ့လိုက်ရသလို ...သူတို့မှာလေ...စိတ်ဝင်တစားတွေဖြစ်ကုန်ရော၊ ဗမာတိုင်းရင်းဆေးလဲသောက်တာပဲလို့ ပြောတော့၊ ဘာတွေလဲ သိချင်ပြန်ရော..၊sour sop ဒူရင်းဩဇာ အရွက် ၂၀ လောက်ကို ရေ တဂါလံလောက်နဲ့ ကြိုပြီး တနေကုန်သာက်တာပဲလို့၊ အင်္ဂလိပ်လို ဘယ်လိုခေါ်မှန်းမသိတဲ့ တပင်တိုင်မြနန်းကိုလဲ ပျားရည်နဲ့ စားတယ်လို့ပြောတော့၊ ဗမာအသံကို အင်္ဂလိပ်လိုပေါင်းခိုင်းပြီး ဘာပင်လဲဆိုတာ ဗမာပြည်ကိုမေးမယ်တဲ့..၊
အဲဒီနောက်တော့ NIH ဆရာဝန်က ကိုကြီးကျောက်ကို CT Scan အရ ကင်ဆာလို့ ပြောချင်ပြောနိုင်ပေမဲ့ ကိုကြီးကျောက် သွေးစစ်ချက်တွေက ပြောဖို့ခက်နေသတဲ့၊ ကိုကြီးကျောက်ရဲ့ ဆရာဝန်ဆီကို ဧပြီ ၁ ရက်နေ့မှာသွားပြီး၊ သူဘာဆက်လုပ်မယ်ဆိုတာတိုင်ပင်ပါတဲ့၊ biopsy လုပ်ကြည့်မှ ကင်ဆာဆိုတာ သေသေချာချာကွဲကွဲပြားပြား သိနိုင်မယ်တဲ့၊ ကိုင်း....ဆရာဝန်တွေတောင် ကိုကြီးကျောက်ကို နားမလည်နိုင်အောင် ဖြစ်နေလေတော့ အရပ်ထဲကလူတွေ ကိုကြီးကျောက်ကို ကင်ဆာလား...လင်ဆာလား...ကွဲကွဲပြားပြား မသိကြတာ အပြစ်မတင်သာပေဘူးပေါ့ဗျာ....။ ။
65 comments:
ဟားဟား.. ဘကျောက်..အစမ်းသက်ခံနိုင်တာပေါ့။
ကြားရတဲ့ သတင်း ..ကောင်းပါပေ့.
ခုလိုနေပြန်ကောင်းလာတော့ ကြည်နူးဝမ်းသာစရာကောင်းတာပေါ့။
ဘကျောက်ဘလော့ကို အလည်ရောက်ဖြစ်ပေမယ့်
တစ်ခါတစ်လေမှပဲနှုတ်ဆက်ဖြစ်တာ။
ဒီတစ်ခါတော့ ဖတ်ရတာ ၀မ်းသာလို့ ..
မန့်သွားတယ်..
ချိန်းတဲ့နေ့က ဧပြီ ၁ရက်နေ့ဆိုတော့ နောက်တာများလား။
နေကောင်းတယ်ဆိုတာတော့ ၀မ်းသာ၏
mm
ကိုကြီးကျောက်နေကောင်းတာတွေ့ရတော့ ဝမ်းသာတယ်။
တိုင်းရင်းဆေးတွေက အစွမ်းထက်တာကိုလည်း ယုံကြည်တယ်။
တရားအမှတ်သတိလေးနဲ့ နေတဲ့အတွက်လည်း သာဓုခေါ်ပါတယ်။
မေကျောက် က တကယ်ပဲ ထောင် ထောင် ထောင် ဖြစ်နေတာပဲ အောက်ဆုံးပုံကိုကြည့်ပြီး စိတ်မပူတော့ဘူးး)
ဂယ် ကို ထောင်နိုင်သွားပြီပေါ့လေ.. ၀မ်းသာပါဒယ်ဗျား။ အဲလိုအမြဲထောင် နိုင်ပါစေ...။
နေကောင်းတယ် ကြားလို့ ဝမ်းသာပါတယ်။ နောက်တစ်ခါ သွားစစ်ရင် မုန့်ပေါင်း စားရပါစေ။ :D
Ever up Kyauk!
To my great happiness,I just read this post.Ur post came up to prove the power of affection around the world to u, meditation n herbal medicine.Go on meditation n blogging.It must be a kind of life supporting system for you........:))
Little sis by a big lake
ခုလိုကြားရတာ တကယ်ဝမ်းသာမိတယ် ဘကျောက်ရေ ..း))))
ခုထက်ပိုပြီး လန်းလန်းလန်းလန်းနဲ့ ဖလန်းဖလန်းထနိုင်ပါစေ .. :D
ဘကျောက် ထောင်နေပြိပဲ တော်တော့်ကိုထောင်နေတာ။
တိုင်းရင်ဆေးတိုလေးတွေနဲ့ ပွားများနေတဲ့တရားဘာဝနာတွေကြောင့်ထင်ပ အနောက်တိုင်းဆရာဝန်တွေ လိုက်မမှိတော့ဘူးဖြစ်ကုန်တာ။ ဒါနဲ့စကားမစပ် ပြည်ကြီးမတွေ က ၁၅၀ နဲ့ရလား(ဟီး)
ကိုကြီးကျောက်တွက်ဝမ်းသာမိပါတယ်
ဟား မြင်ရတာတော့ တကယ့်အလတ်ကြီးပါလား...အမေရိကားက ဆရာဝန်တွေ မြန်မာ့ဆေးမြီးတိုတွေကို သဘောတွေကျကုန်ရင်တော့ ကိုကျောက်လည်း အမေရိကားဆေးသမိုင်းမှာ မှတ်တမ်းဝင်ဖြစ်သွားမယ်ထင်တယ်...နောက်တစ်ခါထပ်စစ်ရင် ဓာတ်ပုံများများ ရိုက်ခဲ့ဗျာ...သူရို့ဆေးရုံ ဆေးခန်းတွေနွဲှ့ ကိုယ့်ဆေးခန်းနဲ့ယှဉ်ကြည့်ရအောင်လို့...
ဝမ်းသာလိုက်တာ ကိုကြီးကျောက်ရေ... သတင်းကောင်းတွေ ထပ်ကြားရပါစေလို့ ဆုတောင်းနေမယ်...
ဝမ်းသာလိုက်တာ ကိုကြီးကျောက်ရေ... သတင်းကောင်းတွေ ထပ်ကြားရပါစေလို့ ဆုတောင်းနေမယ်...
ဝမ်းသာလိုက်တာ ကိုကြီးကျောက်ရေ... သတင်းကောင်းတွေ ထပ်ကြားရပါစေလို့ ဆုတောင်းနေမယ်...
ဝမ်းသာလိုက်တာ ကိုကြီးကျောက်ရေ... သတင်းကောင်းတွေ ထပ်ကြားရပါစေလို့ ဆုတောင်းနေမယ်...
ဝမ်းသာလိုက်တာ ကိုကြီးကျောက်ရေ... သတင်းကောင်းတွေ ထပ်ကြားရပါစေလို့ ဆုတောင်းနေမယ်...
ဝမ်းသာလိုက်တာ ကိုကြီးကျောက်ရေ... သတင်းကောင်းတွေ ထပ်ကြားရပါစေလို့ ဆုတောင်းနေမယ်...
ဝမ်းသာလိုက်တာ ကိုကြီးကျောက်ရေ... သတင်းကောင်းတွေ ထပ်ကြားရပါစေလို့ ဆုတောင်းနေမယ်...
ဝမ်းသာလိုက်တာ ကိုကြီးကျောက်ရေ... သတင်းကောင်းတွေ ထပ်ကြားရပါစေလို့ ဆုတောင်းနေမယ်...
ဝမ်းသာလိုက်တာ ကိုကြီးကျောက်ရေ... သတင်းကောင်းတွေ ထပ်ကြားရပါစေလို့ ဆုတောင်းနေမယ်...
ဝမ်းသာလိုက်တာ ကိုကြီးကျောက်ရေ... သတင်းကောင်းတွေ ထပ်ကြားရပါစေလို့ ဆုတောင်းနေမယ်...
ဝမ်းသာလိုက်တာ ကိုကြီးကျောက်ရေ... သတင်းကောင်းတွေ ထပ်ကြားရပါစေလို့ ဆုတောင်းနေမယ်...
ကြားရတဲ့သတင်းက နားဝင်အချိုဆုံးပဲ ဘကျောက်ရေ...။
တခါတလေ မြန်မာဆေးမီးတိုကလည်း စွမ်းသဗျ...
ဘကျောက်တယောက် တနေ့တခြား ကျန်းမာဝဖြိုး အလှတိုးပြီး ဘလော့ဂ်ဂင်းနုင်ပါစေရှင်...။
ကြားရတဲ့ သတင်းကြောင့် အတိုင်းမသိ
ဝမ်းသာမိတယ် .... အမြန်ဆုံးရောဂါပျောက်ကင်းပါစေ
အားရစရာပါလား ကိုဂျီးကျောက်ရေ...
သူတော်စင်ကျောက်နဲ့  တွေ့ တော့လည်း ဒင်းတို့  ရီစက်ချာတွေ မက်စိ့ လည်ကြရရှာတာပေါ့...
တပင်တိုင်မြနန်း တွေ အိတ်စပို့  ကောင်းလာဦးမယ်ထင်ပါရဲ့ မြန်မာပြည်ပြန်ပြီး တပင်တိုင်မြနန်း စိုက်စားဦးမှ...
အစမ်းသပ်ခံကျောက်အတွက်တော့ တပင်တိုင်မြနန်း ဖရီးပို့ ပေးမယ်.. စိတ်သာချ... :) :) :)
ထောင်ထောင် ထောင်ထောင်နဲ့ ထိုင်းမှာ အကျိုးပေးတဲ့ ငှက်ပျောသီးက စက္ကူအင်္ကျီကို ပြဲ မထွက်တာပဲတော်သေးရဲ့။ ပြည်ကြီးမတွေက သန္တာနွယ်ကို ကားတတ်တာလဲမှတ်သွားဒယ်၊
အော် အစမ်းသပ်ခံ ခေမီကျောက်ရယ်။ လက်ညှိုးကအစ ထောင်လို့
ဦးကျောက်ရေ.. ကျန်းမာရေးတိုးတက်ကောင်းမွန်လာတယ်ဆိုတော့ ၀မ်းသာလိုက်တာ..
ဒူးရင်းသြဇာက soursop (Annona muricata) တဲ့.. မြန်မာ့ဆေးဖက်ဝင်အပင်များ စာအုပ်ထဲမှာတောင် မပါသေးဘူး..
တပင်တိုင်မြနန်းကတော့ Vitis repens Wight & Arn ဆိုပဲ.. နောက်တစ်ခါ ဆရာဝန်နဲ့ တွေ့ရင် ဦးကျောက် ပြောလို့ရအောင်လို့ ရှာပေးလိုက်ပါတယ်..
အဘောက်ကျ ထောင်နိုင်ဘီလား ဗျ (လက်ညိုးပြောပါဒယ်) ဓာတ်ပုံအရ ဟက်ဟက်
ဘုရားဘုရား...
အစ်ကိုကျောက် လင်ဆာမဖြစ်ပါစေနဲ့ ။
အဲ... ကင်ဆာလဲမဖြစ်ပါစေနဲ့ ။
အမြဲတန်း ထောင်ထောင် ထောင်ထောင် ဖြစ်ပါစေ..။
မှတ်ကျောက်အတင်ခံဘို့ ဆို ငါ့ အားကိုဂျိ ကို
ကျောက်တုံးပေါ် တင်ပြီးဖိပွတ်ရမှာလေ..။
အဲ့ ဒါဆို အောက်ကကျောက်တော့ မလွယ်ဘူး။
အကိုကြီးကြောင့် ....။
ဟားဟား .. ချစ်လို့  စ တာဗျာ..။
စိတ်အဆိုးနဲ့ ..။
အဖြေးလူ.....။
ကိုကြီးကျောက် ကျန်းမာရေး ကောင်းမွန် တိုးတက်လာတယ် ဆိုလို့ ၀မ်းသာမိတယ်။ သက်သာ ပျောက်ကင်းပါစေရှင်။ မြန်မာ့ ဆေးဖက်ဝင် အပင်တွေက တကယ့်ကို အစွမ်းသတ္တိတွေ ရှိတာပဲနော်။ အံ့သြစရာကြီး။
ကိုကြီးကျောက်ရေ
2011 မှာတော့ အကောင်းဆုံးသတင်းဘဲ
ဒါပေမဲ့ ဖတ်ရတဲ့ စာ အရ တောင် တော့ ကျော်ပြီး ပေါင်တော့ မကျော်သေးပါလား
ချစ်နှမ
ရွှေစင်ဦး
မရွှေစင်ဦး ပြောသလို ၂၀၁၁ မှာ အကောင်းဆုံး သတင်းပါပဲ လေးလေး။ အထူးဝမ်းသာပါတယ်။ လေးလေးအမြဲကျန်းမာပါစေ။
biopsy လုပ်ကြည့်ပြီး ရေးပါဦး၊ chain state ဖြစ်နိုင်ပါတယ်။
ထောင်ထောင် ဖြစ်နေပြီဆိုလို့ ဝမ်းသာပါတယ်၊
ကိုကြီးကျောက်ကျန်းမာပျော်ရွှင်ပါစေ။
ဘကျောက်ကြီးတယောက် နောင်နှစ်ပေါင်းများစွာ ထိ ပုံ ပါ အတိုင်း ထောင်ထောင် နိုင် ပါစေ .. ( ထောင်ကျ တာ မပါ ဘူး..)
ပုံ အရ .. ဝ လို့  ဖြိုးလို့  ဆူလို့  ဖြိုးလို့  ပါလား.. ပိုတောင် နုသွားသလိုပဲ..
တပင်တိုင်မြနန်းဆေးကတော့ ရှမ်းပြည်ကလူတွေ အတော်သုံးကြတယ်. အမြစ်ကို သွေး/ပြုတ်/လိမ်းကြတယ်။ ခုဆို ဆေးပြားတွေတောင်လုပ်ပြီးရောင်းကြတယ်။ ဆေးဆိုတော့ရောနှောတာတွေပါမလားမသိ ။ အမေ့ မိတ်ဆွေတယောက်လည်း ဆရာဝန်က အသည်းကင်ဆာ ၊ ၆ လပဲခံမယ်ပြောတာ ..နောက်ပိုင်းတော့ သူလည်း တပင်တိုင်မြနန်းပဲသောက်တာ ၁၅ နှစ်လောက် ဆက်နေရသေးတယ် ဘကျောက် ရေ။ ခုတော့ ဆုံးသွားရှာ ပြီ ကင်ဆာကြောင့်တော့ မဟုတ်ဖူး၊ ဦးနှောက်သွေးကြော ပြတ်တာကြောင့် တဲ့ ။
ဘကျောက်လည်း ဆေးကောင်း သမားကောင်းတွေ နဲ့တွေ့ တော့ ဝမ်းသာစရာပါပဲ ။
မယ်ကိ
ကိုကြီးကျောက်ရေ...
သိရ ကြားရ တွေ့ရတာ ပြောမပြတတ်အောင် ဝမ်းသာမိပါတယ်... ဒီပိုစ့်လေးကို အမျိုးသားကို ဖတ်ပြမိတယ်... သူကလဲ သဘောတွေကျပြီး ပြုံးနေလေရဲ့...
နေကောင်းသွားမှာပါ... အင်္ကျီပါးပါးဝတ်... လေစိမ်းတိုက် မခံနဲ့ ဆိုတဲ့ စကားကို သတိရသွားတယ်...း))
ကိုကြီးကျောက်... ကျန်းမာရွှင်လန်းစွာနဲ့ စာတွေ အများကြီး ဆက်ရေးနိုင်ပါစေ...
ကြားရ တာ ၀မ်းသာပါတယ် ကျောက် ..
ထောင်နိုင်ပါစေ (လက်)
တပင်တိုင်မြနန်း စိုက်စားမယ် ဆိုသူ ကို လည်း ကြိုဆိုပါတယ် ..
အလေ့ကျပေါက်တဲ့ တပင်တိုင်မြနန်း လည်း မျိုးပြတ်ခါနီးနီးမို့ပါ
Good to hear that ကိုကြီးကျောက်
ဝမ်းသာတယ် U kyauk yay
so glad to hear, bro! :D
အရမ်း ၀မ်းသာတယ် အကိုရေ ...
စာကိုဖတ်တော့လဲ ပျော်ပျော်ပါးပါးရေးထားလို့ ပျော်ရသလို ကိုကြီးကျောက် ကျန်းမာရေးအခြေအနေ ကောင်းလာတယ်ဆိုလို့လည်း ပိုပြီး ၀မ်းသာရပါတယ် ကိုကြီးကျောက်ရေ..
မြန်မာ့ဆေးနည်းတွေတော့ ကမ္ဘာကျော်တော့မယ် ထင်ပါရဲ့ .. ဒါနဲ့ ကိုကြီးကျောက် နေလုံးဝကောင်းသွားရင် အဲဒီဆေးတွေ အမေရိကားမှာ ဖြန့်ပါလားနော်.. သူဌေးဖြစ်ရင်တော့ မမေ့နဲ့ပေါ့ မြန်မာပြည်က လူတွေကို
ဒီထက်ပိုပြီး နေကောင်းကျန်းမာ လန်းဖြာနိုင်ပါစေ ထူထူထောင်ထောင် ဖြစ်လာပါစေနော်
ခုလိုကြားရတာအရမ်းကိုဝမ်းသာပါတယ်ဘကျောက်ရေ၊
သက်ရှည်ကျန်းမာပျော်ရွှင်စွာဖြင့်စာတွေအများကြီး
ရေးနိုင်ပါစေ။
အစ်ကိုကြီး ကျန်းမာချမ်းသာပါစေ ။ အစ်ကိုကြီးကို သိခွင့်ရတာ နောက်ကျခဲ့လို့ ကျနော် စိတ်မကောင်းဖြစ်မိပါတယ် ။ အစ်ကိုကြီး နာမကျန်းဖြစ်တာ အမကြီး ချစ်ကြည်အေး ကတဆင့်သိလိုက်ရတယ် ။
အခု နေကောင်းလာပြီလို့ သိရတော့ အရမ်းဝမ်းသာမိတယ် .။
အစ်ကိုကြီး ကျန်းမာရွှင်လန်းပါစေ .။
...
လေးစားစွာဖြင့် .။
ညီလေး .။
(အယ်ကို)
အင်း ကိုဂျီးကျောက်ကတော့ အသက်ရှည်မှာဗျ။ ဒီပုံ နဲ့ ဆိုယင် ထပ်စမ်းပါစေဗျာ။
ကျန်းကျန်းမာမာ နဲ့  စာတွေရေးနေတာတွေ့ တော့ဝမ်းသာမိသဗျာ..
ထောင်ထောင် ထောင်ထောင် နဲ့ က လက်ညှိုးဟုတ်လားဟင်..
မသိလို့ မေးတာနော်.
ဘကျောက်။
ဝမ်းသာသဗျား။ ဆရာဝန်တွေတောင် မျက်စိလည်သွားပြီဆိုတော့ သူတို့သတ်မှတ်ထားတဲ့ ရောဂါ မဟုတ်တော့တာ သေချာတယ်။ တရားအစွမ်း မြန်မာဆေးအစွမ်းနဲ့ ကင်ဆာတောင် မျက်စိခပ်လည်လည် ဖြစ်သွားပြီထင်တယ်။
အမြစ်ပြတ်ကင်းရှင်းပြီး ကျန်းမာပျော်ရွှင်စွာ ပို့စ်တွေ များများတင်နိုင်ပါစေဗျာ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
ဝမ်းသာစရာ သတင်းကောင်းပဲ..။
စာဖတ်ရင်း ဘာအဖြေများလဲဆိုပြီး ထိတ်နေမိသေးတယ်။
ဆရာဝန်တွေ မျက်စေ့လည်ပြီဆိုတော့ ကိုကြီးကျောက် မှီဝဲတဲ့ဆေးတွေ စွမ်းနေပြီ ပြောရမယ်။
ရောဂါတွေ အရှင်းပျောက်ပါစေလို့ ဆုတောင်းပေးပါတယ်။
ကြားရတာ ဝမ်းသာပါတယ် ကိုကြီးကျောက်ရေ။
ဒီထက် ထောင်ထောင် ထောင်ထောင် ဖြစ်နိုင်ပါစေ။ ( လက် ၊ ခြေထောက် ၊ ခေါင်း ၊ ဆံပင်. . . . သာ )
ဝမ်းသာတယ် ဗျို့ 
ကိုကြီးကျောက် ရဲ့ ဒီပို့စ်ကိုဖတ်ရတာ အတိုင်းမသိဝမ်းသာပါတယ်.. ဘ၀မှာတွေ့ကြုံရင်ဆိုင်ရတဲ့ အခက်အခဲ လောကဓံကြမ်းတွေကို သတ္တိရှိရှိကျော်လွှားအနိုင်ယူနေတာကို လည်းလေးစားမိပါတယ်..
ပုံအရတော့ ပိုတောင် လန်းလာသေး....။ မြန်မာ့ဆေးအစွမ်း၊ တရားအစွမ်းတွေက အံ့မခန်းပါပဲ ကိုကြီးကျောက်ရေ....။ ဝမ်းသာတယ် ဆိုတာထက် ပိုပါတယ်ဗျာ....။ ပို၍ ပို၍ ဖလမ်း ဖလမ်း နိုင်ပါစေ ကိုကြီးကျောက်ရေ....
မင်္ဂလာ အရှိဆုံး သတင်းပါပဲ ကိုကြီးကျောက်ရေ။
တရားရယ်၊ ဆေးတွေရယ်၊ ကိုကြီးကျောက်ရဲ့  စိတ်ရယ် ၃မျိုးပေါင်းလို့  ဒီရောဂါကြီး အမြစ်ပြတ်တော့မှာပါနော်။
အင်း အစားသောင်းကျန်နေ ကတည်းက အကောင်းဘက်ကို ဦးတည်နေပြီလို့  ရိပ်မိသား။
Result ပြောင်းသွားလို့  ဘာတွေသုံးသလဲ၊ ဘယ်လိုနေသလဲ လို့  ခေါ် စမ်းသပ်တာပါ။ အမှန်တော့ ပြန် နည်းယူတာလေ။
ဝိတ်တက်လာတယ်နော်။ အခုမှ အနေတော်ပဲ။
ပျော်စရာ ဘလော့ဂ် တွေ ရေးတဲ့ အကြောင်းလည်း ပြောလိုက် လေ..ကိုကြီးကျောက်..
နောက်ဆို..ကင်ဆာ ဝေဒနာကို..ဘလော့ဂ် နဲ့ တောင် ကုဖို့.. စဉ်းစား လာကြမှာ..။
တကယ်တော့.. စိတ်ဓါတ်ခွန်အား နဲ့.. မေတ္တာစစ် မေတ္တာမှန်တွေ ကလည်း..ဆေးတဖုံ ဖြစ်မယ် ထင်ရဲ့..
ဝမ်းသာတယ်...း)
ကြားရတာတကယ်ဝမ်းသာသွားပါပြီးကျန်းမာပါစေ
အရမ်းဝမ်းသာပါတယ်ကြားရတာ
လေးကျောက်ရေ...
ကြားရတာ ၀မ်းသာလိုက်တာ.. ဒီထက်မက မြန်မြန် သက်သာလာပါစေနော်...း)
ဝမ်းသာလိုက်တာ ကိုကြီးကျောက်ရယ်..
ဆက်လက်ပြီး ကျန်းမာ ရွှင်လန်းပါစေပါနော်။
စာဖတ်သူတစ်ဦး
ဘကျောက် ..
ထောင်ထောင် ထောင်ထောင် ဖြစ်တာနဲ့ အာချန်းကို သတိရတော့တာပဲ။ ဝမ်းသာပါတယ်ဗျာ။
တပင်တိုင်မြနန်းကို ဘယ်လိုသောက်ရတယ် ပြောပြပါဦး။ တပင်လုံး အမှုန့်ကျိတ်ရတာလား၊ အမြစ်ကို ကျိတ်ရတာလား။ သောက်တာကရော ရွေးစေ့ လောက်လား၊ လောက်စလုံး လောက်လား၊ ဂုံညင်းဒိုးလောက်လား၊ ဘယ်နှစ်ကြိမ်လောက် သောက်ရလဲ။
ဘကျောက် နေကောင်းတယ်။ သက်သာတယ်ကြားတော့ အရမ်းဝမ်းသာတာပဲ။ စပွန်ဆာတော့ စိတ်လျှော့ပါဦးလေ။
I am glad to hear that you are doing very well!!
သူတော်စင်ကျောက်ကို ကြည်ညိုအံ့အားသင့်နေတဲ့ ဆရာဝန်တွေကို အာချန်းအိမ်ကိုလမ်းညွှန်လိုက်ရင် ထပြီးရိုက်ကြမလားမသိ.အဲ့ဒီတော့လဲ မာရသွန်ကျောက်ပေါ့..နောက်ဖတ်ရမဲ့ သေရွာပြန်ကျောက်ကို စောင့်ဖတ်နေပါတယ်ဗျား
မြန်မာဆေးဆိုင်တွေဆီက ကော်မရှင်တောင်းဖို့လဲ မမေ့နဲ့အုန်း။ ဒါနဲ့ တရားမှတ်နေတယ်လဲဆိုသေးတယ် မော်ဒယ်ရော၊ တရုတ်မရော စုံနေပါလား။ ဘာတရားလဲ ငှင်။ ကလူသစ်လဲ မှတ်ချင်လို့။
သူတော်စဉ်ကျောက် ဆိုပြီး ထိုင်ကတော့မယ် ထင်နေတာ။
မြန်မာ့ဆေးကစွမ်းတာ ကမ္ဘာက သိပြီးပြီ ၀ီကီထဲမှာ သူတော်စဉ် လင်ဆာကျောက် ဆိုတာ မှတ်တမ်းတင်ရမှာ.
တပင်တိုင်မြနန်းနဲ့ ဆေးသြဇာ ပေးတဲ့ စေတနာရှင်တွေလည်း ကုသိုလ်လဲရ ၀မ်းသာကြမှာပါ
ဘကျောက် မြန်မြန်ကျန်းမာ ပါစေလို့ဆုတောင်းပေးပါတယ်
ဆောင်း
တော်တော်မာတဲ့ကျောက်ပါလား။ ပို့သတဲ့ မေတ္တာစွမ်းတွေကြောင့်ပဲဖြစ်ရမယ်။
အသက်ရှည်ရှင် ခင်ခင်မင်မင် စိတ်ချမ်းချမ်းသာသာ နေထိုင်နိုင်ပါစေ အန်ကယ်ကျောက်ရေ.
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ကိုကြီးကျောက် ထောင်ထောင်ဖြစ်နေပြီ ဆိုတော့---
ဘာလို့များလက်ကိုထောင်ပြထားတဲ့ဓါတ်ပုံတင်ထားသလဲ
လို့စဉ်းစားနေတယ်----
ထားတော့--
ရိုက်ချက်တွေကိုကြိုက်သွားတယ်-
မာမာချာချာနဲ့ပုံတွေရတာ ဝမ်းသာလှပါတယ် ကျောက်ကျောက်ရေ အစမ်းသပ်ခံနိုင်တဲ့ အရည်အချင်းနည်းတာမှတ်လို့ သီချင်းတောင်ရှိသေးတာပဲ၊ ဇော်ဝင်းထွဋ် ဆိုထားတာလေ
နယူးရောက်က နှမတော်
Post a Comment