Sunday, April 24, 2011

ခြေထောက်ကိုဆွဲ .......သရဲ

Las Vegas မြို့လည်ကနေ ၁၅ မိုင်ပဲဝေးတဲ့ Red Rock Canyon ဆိုတာ ကိုကြီးကျောက်အတွက်တော့ စိတ်ဝင်စားစရာနေရာပါပဲ၊ ငယ်ငယ်က သင်ခဲ့ရတဲ့ ဘူမိဗေဒဆိုင်ရာကျောက်လွှာသွင်ပြင်လက္ခဏာတွေကို လက်တွေ့လှလှပပကြီးကို မြင်ရတော့တာကိုး၊ အမေရိကန်ပြည်ထောင်စုကြီးက ကြီးကလဲကြီး၊ ရာသီဥတုအမျိုးမျိုး၊ ပထဝီအနေအထားတွေကအမျိုးမျိုးဆိုတော့ ဗမာပြည်က တက္ကသိုလ်ပေါင်းစုံမှာရှိတဲ့ ဘူမိဗေဒပါမောက္ခသူငယ်ချင်းတွေနဲ့ သူတို့ရဲ့တပည့်တွေကို field လာဆင်းဖို့ခေါ်လိုက်ချင်တော့တာပါပဲ၊


Red Rock Canyon ကမနက်စောစောနေထွက်မှာ ကြည့်လဲ အင်မတန်လှသတဲ့၊ အနီရောင်သဲကျောက်တွေနဲ့ အဝါရောင် dolostone လို့ခေါ်တဲ့ ထုံးကျောက်တွေက မုန့်စိမ်းပေါင်းလို အထပ်လိုက် နေထွက်စအလင်းရောင်အောက်မှာ ကြည့်လို့ မဝနိုင်ဘူးတဲ့၊ တညလုံးလျှောက်လည်နေတဲ့ ကိုကြီးကျောက်တို့ကတော့ ဘယ်မှာမနက်စောစောထနိုင်ပါ့မလဲ၊ ဒါ့ကြောင့် ညနေ နေဝင်ရီတယော ဆည်းဆာအလှကိုပဲ သွားခံစားကြတာပေါ့၊


Red Rock Canyon ရဲ့ ၁၃ မိုင်ရှည်တဲ့ Scenic drive ကို ညနေ ၈ နာရီအထိ ဖွင့်ပေးပါတယ်၊ ဒီ driveမှာမောင်းဖို့ ဝင်ကြေးကတော့ $7 တဲ့၊ ကိုကြီးကျောက်မိတ်ဆွေ လင်မယားကတော့ ဒီ drive ကို ညနေမလိုက်ရဲတော့ဘူးတဲ့၊ သူတို့လင်မယား ညနေ ကျောက်တောင်ထက်မှာ ဆည်းဆာအလှခံစားနေတုန်း မှောင်ရီပျိုးစမှာ လင်မယားနှစ်ယောက်ရဲ့ ခြေထောက်တွေကို မမြင်ရတဲ့ အကြောင်းအရာတခုက အောက်ချောက်ထဲ အတင်းဆွဲချသတဲ့၊ သူတို့လဲ အလန့်တကြားအော်ဟစ်ပြီး ချက်ချင်းပြန်ပြေးခဲ့ရသတဲ့၊


ဒီကျောက်တောင်တွေက ကျောက်တောင်တက်သမားတွေ သဘောကျတဲ့နေရာတခုပါ၊ သိတ်မနိမ့်လွန်းမမြင့်လွန်းဆိုတော့ တချို့ကပေါ့ပေါ့ဆဆနဲ့ safty သိုင်းကြိုးမပါ၊ တောင်တက်ဘိနပ်မပါပဲ တက်ကြလို့ နှစ်တိုင်း ကျောက်တောင်ပေါ်ကလိမ့်ကျလို့ သေတဲ့သူတွေ အမြဲရှိတာမို့ သတိပေးဆိုင်းဘုတ်တွေရေးထားရပါတယ်၊ ဒါပေမဲ့လဲ ကြမ္မာငင်နေသူတို့ကတော့ ဒီအတိုင်းပဲတက်လိုက်ကြ၊ လိမ့်ကျသေကြပါပဲ၊ မသေပဲ ကျိုးပဲ့သူတယောက်ပြောတာကတော့ သူတောင်ထိပ်ရောက်ခါနီးမှာ သူ့ခြေထောက်ကို တစုံတရာကအတင်းဆွဲချပါသတဲ့၊ ဘယ်လိုမှခါချလို့လဲမရ၊ နောက်ဆုံးတောင်ပေါ်က ပြုတ်ကျပါသတဲ့၊ အင်း...ဒါဆိုရင်တော့ တောင်ပေါ်ကလိမ့်ကျသေသူသရဲက အဖေါ်ရအောင်ခေါ်တာထင်ပါရဲ့၊


ကိုကြီးကျောက်ကတော့ အသက်ရောကျန်းမာရေးအရရော အဲလို မစွန့်စားနိုင်တော့ပါဘူး၊ ဒါကြောင့်သိတ်မြင့်မြင့်မတက်ပဲ သိချင်တဲ့ ဘူမိဗေဒအချက်အလက်တွေ Lap top ကွန်ပျူတာတလုံးနဲ့ရှာလိုက်၊ ကျောက်အနေအထားတွေ လိုက်ကြည့်လိုက်ပဲ လုပ်နေရတော့တာပေါ့၊ အင်း....Lap top ဆိုတာက နိုင်ငံတကာမှာ လူတိုင်း စာအုပ်လို ခဲတံလို သုံးစွဲနေကြတဲ့ အကြောင်းအရာပစ္စည်းတခုပေကလား၊ ဟိုနေ့က သတင်းတခုမှာ ဗမာပြည်မှာ ရထားစီးရင် ကိုယ်ပိုင်သုံး Lap top ကိုတောင် တန်ဆာဆောင်ရမယ်ဆိုတာ ဖတ်လိုက်ရတော့ အံ့ဩကုန်နိုင်ဘွယ်ပါပဲ၊


ကိုကြီးကျောက်လဲ အိပ်ယာထက်မှာတစောင်းလေး အိပ်နေရင်းစဉ်းစားမိတယ်၊ Lap top ဆိုတာ ဗမာလို ဘာသာတိုက်ရိုက်ပြန်ရင်ပေါင်ပေါ်တင်တဲ့ အကြောင်းအရာဆိုတော့ ခု ကိုကြီးကျောက်ရဲ့ ပေါင်ပေါ်တင်နေတဲ့ ကိုယ်ပိုင်ပစ္စည်းလေးကိုလဲ ဗမာပြည်မှာ ရထားစီးရင်တန်ဆာတွေများဆောင်နေရမလားမသိဘူး၊ အင်း...ဗမာပြည်ပြန်ရင် ဒီပစ္စည်းကို တန်ဆာမဆောင်ရအောင် ချိတ်ထမီဝတ်ပြန်မှ အဆင်ပြေမယ်ထင်ပါရဲ့၊


ကိုင်း...တန်ဆာကိစ္စအသာထား၊ ဆက်လျှောက်ကြစို့လား၊ Red Rock Canyon က လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၀၀ ကျောက်လောက်က ပင်လယ်အောက်မှာရှိနေခဲ့တာကလား၊ ခရုသေတွေငါးသေတွေက အနယ်ကျနေတဲ့ပင်လယ်ထဲမှာ ကျောက်ဖြစ်လာတော့ dolostone လို့ခေါ်တဲ့ အဝါရောင်ထုံးကျောက်ဘဝပြောင်းကုန်တယ်၊ အဲဒီနောက်တော့ နှစ်သန်းပေါင်း ၂၂၅ သန်းလောက်က အနီရောင် သဲကျောက်တွေ အနယ်ကျလာပြန်တယ်၊ ပိုပြီးသက်တန်းကြီးတဲ့ကျောက်ဟာ အောက်ကနေရတာပေါ့လေ၊ ဒါပေမဲ့လဲ ...ဟိုတလောက ဂျပန်မှာ မြောက်အမေရိက ကျောက်လွှာချပ်ကြီးကို ပစိဖိတ်ကျောက်လွှာချပ်ကြီးက တိုးဝင်တိုက်သလို လွန်ခဲ့တဲ့ နှစ်သန်း၁၈၀ ကျော်လောက်က မြောက်အမေရိကကျောက်လွှာချပ်ကြီးကို ပစိဖိတ်ကျောက်လွှာချပ်က ဝင်တိုက်ရာမှာ အမေရိကန်ပြည်ထောင်စုအနောက်ပိုင်းတခွင်မှာ တောင်တန်းကြီးတွေ ဖြစ်လာပါရောလား၊


ဟိုတလောက ဖြစ်တဲ့ ဆူနာမီထက် အဆများစွာပြင်းတဲ့ရေလှိုင်းကြီးတွေ ပြတ်ရွေ့တွေဖြစ်တာပေါ့၊ အင်း...အဲဒီတုန်းက လူတွေမပေါ်ပေါက်သေးလို့ပေါ့၊ လူတွေသာရှိရင် လူတွေဖောက်ပြန်လို့ဆိုပြီး လက်ညှိုးထိုးကြဦးမလားမသိပါဘူး၊ ခု ကိုကြီးကျောက်ရောက်နေတဲ့ Red Rock Canyon မှာ Keystone thrust fault ကြီးဖြစ်ပြီး ပင်လယ်အောက်က အနယ်ကျကျောက်တွေဟာ အကုန်ကျောက်တောင်တန်းကြီးဖြစ်လာတော့တာပဲ၊ ဒီပြတ်ရွေ့ကြီးကြောင့် အသက်ငယ်တဲ့ အနီရောင် သဲကျောက်ကလဲ အသက်ကြီးတဲ့ အဝါရောင်ထုံးကျောက်တွေအောက် ရောက်လို့ရောက်နဲ့ ကမောက်ကမတွေ ဖြစ်ကုန်တော့တာပဲ၊ ခုချိန်မှာတော့ကိုကြီးကျောက်တို့ ကျောက်ခဲဗေဒတွေအတွက်တော့ အင်မတန်ကြည့်ကောင်းတဲ့ နမူနာပုံစံပါပဲ၊ Red Rock Canyon ထဲမှာ သစ်ပင်ကြီးကြီးမားမားမရှိပေမဲ့ view point နေရာ ပေ ၄၀၀၀ ကျော်မြင့်ပြီး၊ တချို့ကျောက်တောင်တွေက ပေ တသောင်းကျော်မြင့်ပေတာကိုး၊ နွေမရောက်သေးတော့ ချမ်းစိမ့်စိမ့် နဲ့ တယ်လဲသာယာတာပဲ၊ နွေမှာတော့ အပူချိန် ၁၂၀ံ F ကအနဲဆုံးပဲတဲ့၊ တောင်ကြားထဲမှာ မိသားစု ဘာဘီကျူ့ကင်စားစရာ နေရာထိုင်ခုံလေးတွေနဲ့ အပန်းဖြေလာကြတာတွေတဲ့ ကားတွေမနဲပါဘူး၊

မိုဟားဗီကန္တာရမှာပါတဲ့ ဒီဒေသမှာ တောင်ဆိတ်တွေ၊ rattle snake လို့ခေါ်တဲ့ ခလောက်သံပေးမြွေတွေ တိရစ္ဆာန်အမျိုး ၃၀၀ ကျော်ရှိသတဲ့၊ အမေရိကမှာက လူမပြောနဲ့ တိရစ္ဆာန်တောင် ဘေးကင်းရန်ကင်းနေနိုင်တဲ့နိုင်ငံ ဆိုတော့ တိရစ္ဆာန်တွေကလဲ လူကိုကြောက်ရမှန်းလန့်ရမှန်းတောင်မသိဘူး၊ ကားလမ်းတွေကို လိပ်တွေ မြွေတွေ ဖြတ်သွားရင် ကားတွေက စိတ်ရှည်လက်ရှည် ရပ်ပြီးစောင့်ပေးရတာမျိုး၊ ကိုရွှေလိပ်များကလဲ အိုက်တင်နဲ့ ဖြတ်လိုက်ကြတာ၊ အဲ..သမင်တော့ စိတ်အညစ်ဆုံးပဲ၊ ကားရပ်ပေးထားလဲ ကိုယ့်ကားကို သူတို့က ဝရုန်းသုန်းခတ်တိုက်ပြေးကြတာမို့၊ ကိုယ့်မှာသာ ပိန်ရှုံ့နေတဲ့ ကားနဲ့ကျန်ခဲ့ရတာ၊

Red Rock Canyon ဒေသက ရေအောက်ကနေထွက်လာပြီး လွန်ခဲ့တဲ့ နှစ်သန်း ၁၈၀ ဝန်းကျင်မှာ ဆဟာရသဲသန္တာရလို သဲကန္တာရကြီးဖြစ်ခဲ့သေးတာပေါ့၊ သဲကန္တာရဆိုတော့ အခု ဆဟာရမှာတွေ့ရသလို sand dune လို့ခေါ်တဲ့ သဲခုံကြီးတွေလဲရှိတယ်၊ Red Rock Canyon က သဲခုံတွေအောက်မှာက မြေအောက်ရေရှိလေတော့ မြေအောက်ရေမှာပါတဲ့ ထုံးတွေနဲ့ ဓါတ်ပြုပြီး ကျောက်တောင်တွေ ဖြစ်လာပါရောလား၊

sand dune ကျောက်တောင်တွေရှေ့မှာ အိုက်တင်ပေးပြီး ဓါတ်ပုံတွေ ရိုက်ပေမဲ့ Grand Canyon သွားတုန်းက နှင်းတွေကျ၊ အအေးမိနဲ့၊ သိတ်နေမကောင်းချင်ဖြစ်တာမို့ မချိမဆန့်လေးပဲ ပြုံးပြီးအိုက်တင်ပေးရတာပေါ့လေ၊
Las Vegas ရောက်ရင် သွားပျော်၊ မောင်းပျော်တဲ့ နေရာလေးမို့ ကိုကြီးကျောက်တော့ နှစ်ခေါက် တောင်ရောက်တယ်၊ အဲ....သရဲက ခြေထောက်ကို အဆွဲခံချင်ရင်လဲ နေဝင်ဖြိုးဖျ မှာ ကျောက်တောင်ထက် တက်ပြီးရပ်နေနိုင်ကြောင်းလဲ သတင်းကောင်းပါးလိုက်ပါတယ်။


ကိုကြီးကျောက်မှာ အခုတလော စာကလဲရေးချင် ဒီမှာက ပန်းတွေလှိုင်လှိုင်ပွင့်တဲ့ လရာသီဆိုတော့ လူတိုင်းနီးပါး ပန်းဝတ်မှုန်တွေကြောင့် အလာဂျီဆိုတဲ့ မျက်စေ့တွေပူ၊နှာရည်တရွှဲရွှဲ နဲ့ ဖျားကြနာကြတော့တာကိုး၊ ကိုကြီးကျောက်လဲ ရောက်စ ၃ နှစ်လောက်က ခံနိုင်ရည်ရှိပေမဲ့ ခုတော့ သိကြားသားမဟုတ်ပါလေတော့ ခနခနဖျားနေတော့တာပဲ၊ ဆေးသောက်လိုက် နေကောင်းလိုက်၊ ပြန်ဖျားလိုက်နဲ့ သံသရာလည်နေတော့တာ၊ ဒီနေ့တော့ နေကောင်းနေလို့ စာရေးတင်လိုက်ပါတယ်။


169 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ဘကျောက်က ကျောက်အကြောင်း ရေးတော့လဲ ခပ်ကြောက်ကြောက်နဲ့ ဖတ်ရတယ်။ ဖတ်တာကလဲ ညပိုင်းဆိုတော့ တော်ကြာ ခြေထောက်ကို တစ်စုံတစ်ယောက်လာဆွဲမှ ခက်ပေ့ ဖြစ်နေဦးမယ်။
အဲဒီ လပ်စ်ဗေဂက်စ်ကို သွားချင်လိုက်တာ။ ဒီနေ့တောင် စပ်မိလို့ အဲဒီ မြို့အကြောင်း ပြောဖြစ်ကြသေးတယ်။ အင်းးး မရောက်ဖူးပေမဲ့လဲ ပြောပြ ရေးပြတဲ့သူတွေ ရှိတော့ ကိုယ်တိုင်ရောက်သွားသလိုပါဘဲလေ။

ကျန်းမာပျော်ရွှင်ပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ဟန်ကြည် said...

ကျောက်လွှာတွေ အထပ်ထပ်နဲ့မြင်ရတာ လှသဗျို့ကိုကျောက်ရေ...ခြေထောက်ဆွဲသရဲက အထီးလား၊ အမလား စူးစမ်းဖို့ တောင်ပေါ်တက်ကြည့်ခဲ့တာတော့ မဟုတ်ဘူးဗျာ...သူ့မလဲ ဆွဲစရာရှားလို့ ခြေထောက်လိုက်ဆွဲရသလားနော်...စကားမစပ် ဒီတစ်ခါ ကိုယ့်ရှေ့မှာ ဘယ်သူမှ မမန့်ရသေးဘူးဗျ...ကံကောင်းနေပြီထင်တယ်

ဟန်ကြည် said...

ဟောဗျ...ရေးနေတုန်းရှိသေးတယ် ပန်းရနံ့နောက်ရောက်သွားပါပေါ့လား...မြန်ပါ့

ကိုကိုမောင်(ပန်းရနံ့) said...

အားနာလိုက်တာ ကိုဟန်ကြည်။ စက္ကန့်ဝက်လောက် ဦးသွားမိတယ်။း))))

ma yu said...

အဟွန့်  ကိုကြီးကျောက် ။ အလာဂျီအတွက်မပူနဲ့ ။ဆေးကောင်းတွေ့ ထားတယ်။ နှာခေါင်းလေးလဲ မှန်မှန်ဆေးပေး။ ဆားရည်လေးနဲ့ လေ။ မယု

Nge Naing said...

အန်ကယ်နိုင် စိတ်ဝင်စားစွာ ဖတ်သွားတယ်။ အဲလို ပထ၀ီ ဒေသန္တာရတွေအကြောင်း ကျွန်မ တော်တော် စိတ်ဝင်စားတယ်။ ဖတ်ရင်းဖတ်ရင်းနဲ့ အန်ကယ်နိုင်တယောက် ဘယ်တော့ သရဲမနဲ့ ကြုံပြီး ခြေတောက်အဆွဲခံရပြီး ဘာတွေ ဖြစ်ဦးမလဲမသိလို့ စောင့်ကြည့်လာတာ တော်သေးတယ် ပြီးတဲ့အထိ သရဲအဆွဲမခံလိုက်ရလို့။

အဖြူရောင်နတ်သမီး said...

ကျောက်လွှာတွေလည်းကြည့်သွားတယ် ဘကျောက်ရေ...။
တူမကြီးတို့ဆီမှာပဲ ပန်းပွင့်တွေကြောင့် အလာဂျီရှိတယ်ထင်နေတာ...
ဘကျောက်တို့ ဘက်မှာလည်းဖြစ်သကိုး...

ဆောင်း said...

ကိုအောင်ရဲ့သရဲတွေခုဆိုကျွတ်တန်း ၀င်ကုန်လို့ ဖြစ်လိမ့်မယ် ပို့ စ်တက် မလာတော့ဘူးး-)
ကျွတ်တန်း မ၀င်နိုင်တဲ့ သရဲတွေ ဒီဘက် ထွက်လာပြီး ခြေထောက် ဆွဲတာ ဖြစ်နိုင်တယ်

ဘကျောက်ရဲ့ မချိမဆန့် အိုက်တင် နဲ့ ပုံကို ကြော်ငြာပေး ရင် ဒီနေရာ ပိုလူအလာများမယ်

ဆောင်း said...

ဒါနဲ့  လဒ်ဗေးကပ်က ကယ်လီဖိုးနီးယားနယ်မှာ ရှိတာ အာရီဇိုးနားနယ်က မဟုတ်ဘူး

ရွှေရတုမှတ်တမ်း said...

Las Vegas က နဗားဒါး (Nevada) ပြည်နယ်မှာရှိတယ် ဆောင်းရေ.. Mojave desert က အရီဇိုးနားကန္တာရကြီးထဲမှာရှိတဲ့ ကန္တာရငယ် ၄ ခု ထဲက တခုအပါအဝင်ပါ၊

ဂီး said...

ကိုကြီးကျောက်နဲ့  နောက်ခံ ကျောက်တုံးကြီးတွေနဲ့ 
လိုက်မှ လိုက် ဗျ :) :)

ကိုဇော် said...

စိတ်ဝင်စားလို့ အခြေအနေ ပေးရင် ရောက်ဖူးချင်တဲ့ နေရာတွေမှာ တစ်နေရာ အပါအဝင်ပေါ့ဗျာ။ အခုတော့ ကိုကြီးကျောက် ပြောသလို ခြေထောက်ကို လာဆွဲတယ် ဆိုတော့ ပိုပြီးတော့တောင်မှ စိတ်ဝင်စားသွားပြီ။ ဆွဲတော့မှ ဆွဲ အဲဒီလို ညပိုင်းပဲ သွားချင်တယ်။ ကိုယ်တွေ့မှလည်း လူက ယုံချင်တာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုကြီးကျောက်ကိုယ်တိုင် အဆွဲခံပြီး စမ်းခဲ့ရမှာနော်း)
ကြည့်ရတာ မမြင်ရတဲ့ ဆွဲငင်အားတွေ အောက်မှာရှိနေပုံရတယ်နော် ကိုကြီးကျောက်
ကမ္ဘာမြေကြီးဟာ ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတာပါဘဲ။
ကျောက်တောင်တွေ ဒီထက်များများတင်ပေးသင့်တာ
နေကောင်းပြီးခရီးတွေ သွားနိုင်နေတာ ၀မ်းသာစရာဘဲ
ခရီးသွားတဲ့ အကြောင်းလေးတွေ ဆက်ပြီးဖတ်ချင်ပါသေးတယ်
တင်ပေးပါဦး ကိုကြီးကျောက်

Lorem Ipsum said...

သုမောင်ကွ....

ဆုညတ်

Angelhlaing(May everybody be happy and healthy! said...

အားကျလိုက်ထှာနော်....အဲလိုမျိုး လျှောက်သွားချင်လိုက်ပါဘိ..

စော(အဝါရောင်မြေ) said...

ကိုကြီးကျောက်ရဲ့  ပညာခန်းတွေ ဖတ်ရတာ စိတ်ဝင်စား စရာပဲနော်။
ပထမဆုံး တင်တဲ့ပုံကြည့်ပြီး သူပဲခြေထောက် ဆွဲးတာလားလို့  :D

Turn On Ideas said...

ဘကျောက်ကျန်းမာနေတာ ဖတ်ရလို့ ဝမ်းသာပါ၏။
ဗဟုသုတအတွက် ကျေးဇူးတင်ပါ၏။

ပုံတွေလည်း ကြိုက်၏။
ပထမဆုံးပုံကို အကြိုက်ဆုံးပဲ...
(အနုပညာမြောက်လွန်းလို့း))

မိုးခါး said...

ဘကျောက်လိုမျိုး နေရာအနှံရောက်ဖူးချင်လိုက်တာ .. :D

သရဲတော့ ကြောက်စ် ကြောက်စ် :D

sosegado said...

ကျောက်တောင် ကျောက်တုံးကြီးတွေကြားမှာ တစ်ယောက်ထဲကျန်ခဲ့လို့ ရုပ်ရှင်ဇာတ်ကားထဲကလိုဖြစ်နေပါမယ်၊
ပထမဆုံးပုံက ခြေထောက်ဆွဲချင်စရာ၊

ခနွဲ said...

သရဲဆွဲချတာတော့ ကြုံဖူးချင်တယ်။ ကြောက်လည်း ကြောက်တယ်။ ကျန်းမာရေးကို ဂရုစိုက်ပါ ဘကျောက်။

ချစ်ကြည်အေး said...

အဲဒီ ပိုလန် အလာဂျီက ဂျပန်မှာလည်း ဖြစ်ကြတယ်တဲ့ စလုံးမှာ မရှိလို့ တော်သေး...။ ကိုကြီးကျောက် ပုံတွေက အလန်းပဲဗျာ....။ ကျောက်ချင်း ဘယ်သင်းက ပိုမာသတုန်း ခေါင်းနဲ့ မတိုက်ကြည့်ခဲ့ဘူးလား ဟိဟိ....:)

ahphyulay said...

အကိုဂျိ...
ပုံလေးတွေနဲ့  ရှင်းပြပေးလို့ သိပ်ဖတ်လို့ ကောင်း...။
အကိုဂျီး ကျန်းမာရေးကောင်းလို့  ကျွန်တော်လည်း
ပျော်ရတယ်လေ။ စာတစ်မျက်နှာ အမြဲတန်းရှိနေတာ။
အဲ.. တစ်ခု..။
အားကိုဂျိ ရဲ့  ပေါင်ပေါ်တင်ရိုက်တဲ့ ဟာက
သိပ်မရှင်းမရှင်းဖြစ်နေ.. အဲ့ ဒါ..ဟို..။
ဗမာလိုရေးထားတော့ ကျွန်တော် ဒုံးဝေးနေတယ်..။

ခင်တဲ့ ..

အဖြေးလူ

chinniah said...

သရဲ က ခြေထောက် ကို ဆွဲ ရင်တော့ တွဲလွဲ တွဲလွဲ နေမှာဘဲ ကိုကျောက် .. အဲဒီ တွဲလွဲ ကြီး ကို ထပ်ဆွဲ နေရင်တော့ လည်း ..up to you ဆိုပြီး လွတ်သာပေးလိုက်ပါတော့ဗျာ ...

IDIOT-Ki said...

ခြေထောက်ကိုဆွဲတာ ဘယ်သူလည်း..ပထမဆုံးပုံက ပုံရိပ်စစ် တကိုယ်လုံး၊ ဒုတိယပုံ ထဲ မှာက ပုံရိပ်ယောင်တဝက် ... သာရဲက တရဲ ထဲ လား.. နှစ်ရဲလား ဟင်...
အလာဂျီ ..ရှိရင် ၊ ယတြာ မှာ ၊ အလီ ကို ခါဂျာ မုန့် ကျွေးလိုက်ပါ .. မုချ ပျောက်၏ ။
Red rock canyon တော့ မရောက်ဖြစ်သေးပါ၊ အတော်လှတယ်နော် ။ Grand canyon သွားတုံးကတော့ လမ်းမှာ Arizona ဆိုင်းဘုတ်တွေ့ လိုက်မိတယ်..ဘယ်ဟာက ဘယ်ပြည်နယ် မှန်းတော့ မသိပါဘူး.. ပထဝီ ညံ့တယ်လေ..ဂူဂယ်မှာ မြေပုံ ပြန်ကြည့်အုံးမှ ပဲ....
ကျန်းမာသော ကျောက်ကြီး ပေါင်ပေါ်တင် ထားသော အရာ က .မမ မှာရှိတဲ့ မမ စီးမှ တန်ဘိုးတက်တာ လေ.. ဒါဏ်ငွေ ၂၁၀၀ မှ ၄၈၀၀ ကျပ် တဲ့ ..ဟိဟိ ၊

kay said...

ကျောက်တွေ ကြည့်မလို့ ဟာ.. ရှေ့ က ဘာကြီးက..ကွယ်ကွယ်နေပါလိမ့်..း)

ဆောင်း said...

ကျေးဇူးဘဲ ဘကျောက်ရေ နီးဗားဒါး ဆိုတာ ခုမှ သိရတယ်။ ကယ်လီဖိုးနီးယား လို့ ဘဲ ထင်နေတာ

နေ၀သန် said...

ဟားဟား... တန်ဆာခပေးရတဲ့ အပိုဒ်ကိုဖတ်ပြီး ရယ်လိုက်ရတာ အူကိုတက်လို့ဗျာ....


ခင်မင်လျက်
နေ၀ဿန်

SHWE ZIN U said...

သရဲ ပါရဂူ ကြီး ကိုကြီးကျောက်က ခြေထောက် ကိုဆွဲ တဲ့ သရဲ လောက် တော့ ဘယ်ကြောက်လိမ့် မလည်း

လန်းတယ် ကိုကြီးကျောက်ရေ ရောက်ချင်တယ်

ချစ်နှမ
ရွှေစင်

ညီလင်းသစ် said...

ကျောက်ဆောင်တွေ လှတယ်ဗျို့..၊ တခါလောက်တော့ သွားလည်ကြည့်ချင်သေးတယ်..။ မျှဝေတာ ကျေးဇူးပါ ကိုကြီးကျောက်ရေ..။

မြစ်ကျိုးအင်း said...

သဘာဝတရားက ထူးဆန်းလွန်းတယ်။ ကျောက်တောင်တွေရဲ့ အရောင်စပ်ထားပုံက မုန့်စိမ်းပေါင်းကိုတောင် သတိရစရာပါပဲ။
ကျောက်တောင်ဆိုတာ သဘာဝကဖြစ်တဲ့ ကျောက်ကို ပြောတာနော်း)

Unknown said...

Ko Kyi Kyauk ,

May I copy some of your posts and experiences to show how you defeat cancer ?

...အလင်းစက်များ said...

ပြန်မယ်ဆို ကြိုပြောကိုကိုကျောက်... ချိတ်ထမီ ကိုင်ပြီး လေဆိပ်က ကြိုမယ်... စိတ်လုံးဝ ပူစရာမလို...:))))

ကိုကိုကျောက်.. ဂျပန်ကျွန်းစု အောက်မှာ ထက်ခြမ်းကွဲ သတဲ့ စာတမ်းတစ်စောင်ထွက်တာ လူတွေ လန့် မှာစိုးလို့  ခွင့်မပြုဘူးလို့  ပြောကြတယ်.. အဲ့ဒါဘာဖြစ်နိုင်တုန်းဗျာ..။ အလာဂျီထနေတဲ့လူကို ဂျီတိုက်လိုက်ဦးမယ်...။ ဟဲဟဲ..။

(ဂုစိုက်ပါ ကိုကိုကျောက်ရယ်လို့  ... :) )

Nyi Nyi Myanmar said...

ဘလော့ကာ ကျောက် ဆေးရုံးတွင် သူ့ဘဝ၏ နောက်ဆုံးအချိန်များကို ဖြတ်သန်းနေသည်။
သူ၏ သူငယ်ချင်းများ ဘလော့ကာ ကျောက် ဘဝကူးကောင်းရန် ဆုတောင်းပေးရုံမှ တပါး.....

Regards,
ညီညီမြန်မာ
http://www.nyinyimyanmar.co.cc/

Anonymous said...

ကိုကြီးကျောက် (သူများခေါ်သလိုလိုက်ခေါ်ပါတယ်)
ဒီတောင်က ကျော်နိုင်ပါစေ..လို့ဆုတောင်းလိုက်ပါတယ်။

ပေါက်
(မမ(ခင်ဦးမေ)ဘလော့မှာတင်ထားလို့
လာပါတယ်)

Baby taster said...

ကိုကြီးကျောက် တကယ်ပဲ ဆေးရုံမှာလားဟင်
အမြန်ဆုံးသက်သာလာပါစေလို့ ဆုတောင်းပေးနေပါတယ်။

Anonymous said...

ဘကျောက် ...........
ငိုနေမိပြီ ဘကျောက်ရယ်
ဘကျောက် ကောင်းရာသုဂတိလားပါစေ ...

ချစ်တဲ့
ဒေါ်လေးမေ

Myat said...
This comment has been removed by the author.
Thet Nandar said...

Words cannot even begin to express our sorrow.
Please accept my heartfelt sympathy on the passing of Ko Gyi Kyauk.
Ko Gyi Kyauk, Sorry for hear that pass away.

Anonymous said...

ဦးကျောက် ကောင်းရာသုဂတိရောက်ပါစေ..

ဝမ်းနည်းစွာဖြင့် .....
(နယုန်မိုး malaysia )

ကလူသစ် said...

ဘကျောက်..........ကောင်းရာသုဂတိလားပါစေဗျာ။

မြစ်ကျိုးအင်း said...

တကယ်ပဲလားဗျာ..
စိတ်ထဲမှာ လှိုက်ခနဲလှိုက်ခနဲ ဝမ်းနည်းနေမိတယ်။

TZA said...

ဟာ.. ပြီးခဲ့တဲ့ပို့စ်မှာ ကင်ဆာမဟုတ်ဘူးလို့ ရေးထားတာဖတ်ပြီး ဝမ်းသာနေသေးတာ၊ ဘယ်လိုဖြစ်တာလဲဗျာ..

နောက်ဆုံးအချိန်တွေမှာတောင် လူတွေကို ပျော်ရွှင်မှုတွေပေးနိုင်တဲ့ ဘကျောက်.. ကိုကြီးကျောက်.. အန်ကယ်ကျောက်.. ကောင်းရာသုဂတိလားပါစေ။

Anonymous said...

ကိုကြီးကျောက်ရေ
တကယ်မဟုတ်ပါစေနဲ့လို့ ထပ်ခါထပ်ခါ ဆုတောင်းမိပါတယ်။
ရေးစရာ စကားလုံးတွေ မဲ့နေပါတယ်။ ဘာပြောရမှန်းမသိသလို ဘယ်လိုစကားလုံးတွေ ချရေးရမှန်းမသိအောင်ပါဘဲ။
ဒီဘလော့လေး ပိုင်ရှင်မဲ့ပြီး အသက်ဝင်လှုပ်ရှားခြင်း ကင်းမဲ့သွားမှာကို စိုးရိမ်နေမိတယ်။
နေမကောင်းတာဆိုရင် အမြန်သက်သာပါစေ
အရိပ်အမြွက်လေးတောင် မပြဘဲ ထွက်ခွာသွားတာလား..
တကယ်ဘဲ ထွက်ခွာသွားပြီဆိုရင် ဘ၀သစ်မှာ ငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးပါတယ်။



ချော(အစိမ်းရောင်လွင်ပြင်)

ကိုပေါ said...

ကိုကြီးကျောက်... နောက်ဆုံ့းအချိန်အထိ စာတွေရေးပြီး စာဖတ်သူတွေကို ပြုံးပျော်နိုင်အောင် စွမ်းဆောင်သွားတာကို ချီးကျူးပါတယ်ဗျာ။

အိမ့်ချမ်းမြေ့ said...

ဘလောဂါများရဲ့ ချစ်ခင်နှစ်သက်ခြင်းခံရသူတစ်ယောက် ကောင်းရာသုဂတိလားပါစေ..

kay said...

ကိုကြီးကျောက် ဆိုတဲ့ နာမည် ကို ..ကျမ တို့ ကျောက်မောင်နှမ တွေ ကပဲ ပေးခဲ့ မိ တယ် ထင်ပါရဲ့..။

နောက်ဆုံး အချိန် ထိ.. ဘယ်သူ့ကို မှ စိတ်မညစ်စေချင်.. ဒုက္ခ မပေးချင် လို့.. ပျော်စရာ တွေ နဲ့ပဲ နှုတ်ဆက် ခဲ့ လေ သလား..ကိုကြီးကျောက်..။

အဖြူစင် ဆုံး မေတ္တာတွေ ၀ိုင်းပတ် ပြီး.. တမလွန် ကို ရောက်သွား ရ တဲ့ ကိုကြီးကျောက် ရဲ့ နောက်ဆုံး ထွက်သက် မှာ... ဒီလောက ထဲ က.. ချစ်ခင် ခဲ့ ကြတဲ့ ..မောင်နှမ တွေ အတွက်.. တခုခု ရေးဖို့ ဘာတွေ များ စဉ်းစား နေလေ အုံးမလဲ...

ကိုကြီးကျောက် ရေးခဲ့တဲ့.. ဘလော့ဂ် လေး ထဲက..စာလေး တွေ ဟာ...
ကဗျာ တပုဒ် ထက် ပိုပြီး သန့်စင် တယ်..
တရား တပုဒ် ထက် ပိုပြီး သဘာဝ ကျတယ်..
ဝတ္တု တပုဒ် ထက် ပိုပြီး လက်တွေ့ ဆန်တယ်..

ဘယ်လို လှည့်ဖျား ကာကွယ် မူ မျိုး မှ မပါပဲ.. ရေးခဲ့ တဲ့..ကိုကြီးကျောက် ရဲ့ စာလေး တွေဟာ..ဘာပဲ ပြောပြော.. ကျမ တို့ အတွက် တော့.. လေးနက် စွာ နဲ့ တရားပြ သွား ခဲ့ ပါပြီ.. ။

ကိုကြီးကျောက် ကောင်းရာ သုဂတိ ရောက်ပါစေ...

သဒ္ဓါလှိုင်း said...

အကိုကြီးရေ..
လွန်ခဲ့တဲ့ တပတ်ထဲက အကိုကြီးဆီ ဖုန်းဆက်မယ်ဆိုပြီး ခုချိန်ထိမဆက်ဖြစ်ခဲ့ဘူး.။ အဲဒီအတွက် အရမ်းဝမ်းနည်းရပါတယ်.။ သဒ္ဓါ့ရဲ့အမြဲလိုလို နောက်ကျတတ်တဲ့. နောက်ကိုရွှေ့တတ်တဲ့အကျင့်ကြောင့် အကိုကြီးဆီ ဖုန်းဆက်ဖို့လည်းနောက်ကျ သွားခဲ့ရတယ်.။ ခုမှအကိုကြီးရဲ့သတင်းကိုကြားရလို့ ဖုန်းမဆက်မိလိုက်လေခြင်းရယ်ဆိုပြီး ပိုဝမ်းနည်းခဲ့ရပါတယ်. စကားလေးတောင် မပြောလိုက်ရဘူးနော်.။ အကိုကြီးဘယ်လောက်ပဲနေကောင်းပါတယ်ပြောပြော အကိုကြီးရဲ့ရောဂါအခြေအနေက ဘယ်လောက်မှ မနေရတော့ဘူးဆိုတာ သိနေတော့ စိတ်မကောင်းဖြစ်နေခဲ့ရတယ်.။ တခြားသူတွေ စိတ်မကောင်းကြမှာစိုးလို့ နေကောင်းနေပါပြီဆိုပြီး အမြဲလိုပြောတတ်တယ်နော်။
အကိုကြီးရေ.. အကိုကြီးမြင်ချင်တဲ့ တရားမျှတမှုတွေနဲ့ ရွှေရောင်လွှမ်းနေမယ့် နေရာတခုအမြန်ဆုံးပေါ်ပေါက်ဖို့ ကျန်တဲ့သူတွေက ကြိုးစားသွားကြမှာပါ.။
အကိုကြီး ငြိမ်းချမ်းတဲ့နေရာမှာ ငြိမ်းချမ်းစွာ ခိုနားနိုင်မှာပါ။။။

ချစ်တဲ့
ညီမသဒ္ဓါ

သော်ဇင်စိုး said...

အကိုကြီးရဲ့ ကောင်းမှုတွေ ကျွန်တော်တို့မှာ တင်ကျန်ရစ်ပါတယ်..

Anonymous said...

ဘကျောက်ရေ

ကျွန်တော် ပြုပြုသမျှ ကုသိုလ်ကောင်းမှု အစုစုတို့၏ အဖို့ဘာဂကို ကွယ်လွန်ခဲ့ပြီဖြစ်သော ဘကျောက်ကိုလည်း အမျှ ပေးဝေပါတယ်။

ဘကျောက်ရေ အမျှ အမျှ အမျှ...

ကောင်းမွန်ရာ သုဂတိ ဘုံဘဝသို့ လားပါစေ။

တောင်ငူသား

An Asian Tour Operator said...

ကိုကြီးကျောက် ကောင်းရာသုဂတိ လားပါစေဗျာ။

မဗေဒါ (၈၈) said...

ကိုကျောက်....

မနက်စောစောစီးစီး.. ကိုဘကြိုင် လင့်မှာတွေ့လို့ လိုက်ခဲ့ပါရဲ့ ကိုကျောက်ရေ..။ အဟမ်း..တနေ့လည်း ကိုကျောက်သွားတဲ့လမ်းကို တကယ်လိုက်ရအုံးမယ်လို့ တွေးမိနေသေး..။

ပြုခဲ့သမျှ ကောင်းမှုတွေ... ပါသွားပါစေ...အရယ်တွေနဲ့ အပြုံးတွေနဲ့ ဘဝကို အကောင်းများမြင်စေသူလို့ နားလည်တာကြောင့် ကောင်းတဲ့နေရာတခုခုမှာ နားခိုနေရမယ်လို့ ထင်နေပါတယ်..။

ကိုကြီးကျောက်ရဲ့ ပြန်စာလေးထဲမှာ ပါသလိုပဲ...Red Rock Canyon ကို အလည်ခဏသွားသလို ဘုံတခုမှာ အလည်သွားရောက်ခြင်းလို့ပဲ လောလောဆယ် လက်ခံထားပါတယ်..။

စိန်ဗေဒါ (၈၈)

အဖြူရောင်နတ်သမီး said...

ဘကျောက်တယောက် ကောင်းရာသုဂတိလားပါစေရှင်..။
နောက်ဆုံးအချိန်ထိ တူမကြီးတို့ကို အပျော်တွေပဲ ခံစားစေခဲ့တဲ့ဘကျောက် အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။

Andy Myint said...

နောက်ဆုံး အချိန်နားထိ စာတွေ ဒီလို ရေးနိုင်ခဲ့တဲ့ စိတ်ဓါတ်ကို ချီးကျူး နှမြောမိပါတယ် ကိုကြီးကျောက်။ ပြုခဲ့သမျှ ကောင်းမှုတွေရဲ့ အကျိုးကို အမျှပေးဝေပါတယ်။ အမျှ အမျှ အမျှ ပါ ကိုကြီးကျောက်။

မန်းကိုကို said...

R.I.P ဘကျောက် ... ။

Anonymous said...

RIP :(

Nay Linn said...

RIP ကိုကြီးကျောက်

blueskyforest said...

သွားနှင့်တော့ဗျာ... နွေးထွေးအးချမ်းပါစေ ။

KT said...

ကိုကြီးကျောက်ရေ.....

သွားနဲ့တော့ဗျာ။
ဘဝအသစ်တဖန် ပြန်မဖြစ်ပါစေနဲ့လို့ပဲ.........။

ကေတီ

Anonymous said...

ပြုခဲ့သမျှ ကောင်းမှုတွေ အမျှ အမျှ အမျှ။
ကိုကြီးကျောက် ကောင်းရာသုဂတိလားပါစေ။
Mon Petit Avatar

Anonymous said...

RIP ....

နေမိုး said...

လေးစားလျှက်ပါ ကိုကြီးကျောက်။ သံသရာအဆက်ဆက် ချစ်သူခင်သူများနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေ။

rose said...

ကိုကြီးကျောက် ကောင်းရာ သုဂတိလားပါစေ။ ကိုကြီးကျောက် ရေးတဲ့ စာတွေကိုရော၊ ကိုကြီးကျောက်ကိုရော ဘယ်တော့မှ မေ့မည် မပာုတ်ပါ။

မေဓာဝီ said...

ဘကျောက်ရေ ...
မသိနိုင် မမြင်နိုင်တော့ပေမဲ့ ... ဘကျောက်အတွက် ပြုခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကို သတိတရ အမှတ်တရ ဖြစ်စေဖို့ ဒီနေရာလေးမှာ လာရေးလိုက်ပါတယ်။
..........................
ညက ဘကျောက်သတင်း သိသိချင်း စိတ်မထိမ်းနိုင်ပဲ ငိုမိတယ်။ မျက်ရည်တွေနဲ့ အိပ်ရာဝင်ခဲ့ပေမဲ့ ဒီမနက်စောစောမှာ ဘုရားကို သောက်တော်ရေကပ် သီလယူ ဘုရားရှိခိုး မေတ္တာပို့ပြီး ပြုခဲ့တဲ့ ဒါနသီလ ဘာဝနာ ကောင်းမှုတွေကို ဘကျောက်အတွက် အမျှဝေပေးခဲ့ပါတယ်။
ဒီနေ့သွားခဲ့တဲ့ မိတ်ဆွေတယောက်ရဲ့ ဆွမ်းကျွေးပွဲမှာလည်း သံဃာတော်တွေကို ဆွမ်းဟင်းတွေ ကပ်လှူပြီး ဘကျောက်ကို ရည်စူးလို့ အမျှဝေခဲ့ပါတယ်။

ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေရဲ့ အဖို့ဘာဂကို ဘ၀တပါးပြောင်းသွားပြီဖြစ်သော ဘကျောက်ရရှိစေဖို့ အမျှ ပေးဝေပါတယ် ...

ဘကျောက် အမျှရရှိပြီး သာဓုခေါ်နိုင်ကာ တဆင့်ထက် တဆင့် မြင့်မြတ်ရာဘုံဘ၀ ရောက်ရှိနိုင်ပါစေ ... ။

အမျှ ... အမျှ ... အမျှ ပါ ဘကျောက်ရေ ...

ချစ်တဲ့
ဒေါ်လေးမေ

အာယု said...

"ကိုကြီးကျောက် ရောဂါက အသည်းကင်ဆာ မဟုတ်ဘူး၊ ကိုကြီးကျောက်မှာ ကင်ဆာ မရှိဘူး၊ တုံးကျော်ကျောက် ဖြစ်သွားပြီ" ဆိုတုံးက ဝမ်းသာရတာက ဘာမှ မကြာလိုက်ပါလားဗျာ။

"အသည်းကင်ဆာ မဟုတ်ဘူး ဆိုပေမယ့် ကိုကြီးကျောက် ရောဂါ ဖြစ်စက ကျွန်တော် ရေးပေးခဲ့တဲ့ အသည်းဓါတ်စာ တွေကိုတော့ စားပေးပါ" လို့ ရေးမလို့ လုပ်နေတာတောင် မမီတော့ပါလား။

နေ့မြင်ညပျောက် ဆိုသလိုပါပဲဗျာ။

သြော် ... သင်္ခါရ ... သင်္ခါရ ...

သွားနှင့်တော့ ကိုကြီးကျောက် ရေ ...

ကိုကြီးကျောက် ဝိညာဉ် အေးချမ်းပါစေဗျာ။

ကိုကြီးကျောက် ကောင်းရာမွန်ရာ ရောက်ပါစေဗျာ။


အာယု

မြတ်မွန် said...

ကိုကြီး ကောင်းရာဘုံဘဝရောက်ပါစေ။
စိတ်မကောင်းးလွန်းလို့ မျက်ရည်ကျမိတယ် ကိုကြီးရေ....................................................................................................

JulyDream said...

ရောက်လေရာ ဘုံဘဝမှာ ပျော်ရွှင်ခြင်းအပြည့်နဲ့ ခရီးသွားတစ်ဦး ဖြစ်နေအုံးမယ်ဆိုတာ ယုံကြည်လျှက်...

Unknown said...

Ko Kyauk! I feel guilty Ah Ko, b4 u going back to VA, I should come & meet u in Vegas. But it's too late to know u r in Vegas, I had already planed to do some official works. That's why I decided to talk on phone with u, instead of chilling out in Vegas. On that time u told me that u got tired & got dizzy so u can't come to LA, to visit my house. I told u that u can visit next time. But it's never come true & u cannot do it. I really sorry & give my respects & condolence for you. I want to write down in Burmese, unfortunately I don't have Burmese font. I don't want to wait & wase the time to write a comment for u. Good Bye, my big brother & I 'll follow up later. I miss u.

ကိုရင်နော် said...

ကိုကြီးကျောက်
ကောင်းရာဘုံဘဝရောက်ပါစေ..

ဝမ်းနည်းစွာ...း(

ကိုရင်နော်

Anonymous said...

ကိုကြီးကျောက် ကောင်းရာသုဂတိလားပါစေ။
သွားနှင့်တော့ကိုကြီးကျောက်ရေ။
သေခြင်းကိုတည်တည်ငြိမ်ငြိမ်ရင်ဆိုင်သွားခဲ့တယ်လို့ 
ယုံကြည်နေပါတယ်။

စိတ်မကောင်းခြင်းများစွာဖြင့်
ကိုကြီးကျောက်ရဲ့ စာဖတ်ပရိသတ်

kma said...
This comment has been removed by the author.
kma said...

တစ္ဆေအကြောင်း အရေးကောင်းတဲ့ ကိုကြီးကျောက် Scheduled နဲ့ ထပ်တင်လာမယ့် ပို့စ်တွေများ ရှိလေမလားလို့ တွေးနေမိပါတယ်။

ကိုကြီးကျောက် ကောင်းရာ သုဂတိလားပါစေ...

သူတော် said...

စာရေးကောင်းသူတစ်ယောက်လျော့လို့ လုံးဝ စိတ်မကောင်းဘူး ကိုကျောက်။ ကောင်းရာသုဂတိ လားပါစေ။

ZT said...

ကိုကြီးကျောက်။ စီပုံးမှာ ရေးပြီးပေမယ့် နောက်တစ်ကြိမ် ထပ်လာရေးတယ်။ သင်္ခါရ ဆိုတာ သိပေမယ့်။ စိတ်မကောင်းဘူး။ လူဖြစ်ရင် လူဘလော့ဂါ နတ်ဖြစ်ရင် နတ်ဘလော့ဂါ ဗြဟ္မာဖြစ်ရင်လည်း ဗြဟ္မာ ဘလော့ဂါ ဖြစ်ပါစေဗျာ။ ကောင်းရာ မွန်ရာ ဘဝ ရောက်ပါစေ။

ထိုက်ဦး said...

ကောင်းရာသုဂတိလာပါစေ။ကျနော်ကိုအမြဲတမ်းလာစ..လာနောက်..နေတဲ့ဘကြီးကျောက်
ဝမ်းနဲသလိုလိုအံသြသလိုလိုနဲ့ ကျနော်စိတ်ထဲမှာရင်ထဲမှာဆူးနစ်သွားခဲ့တာတော့အမှန်ပါပဲ။

Anonymous said...

bro ,
RIP
ma moe

Anonymous said...

we lost a nice person who make something for us ....

min that thant said...

ကိုကျောက် ကောင်းရာသုဂတိလားပါစေ...

ဝက်ဆလူး said...

နောက်တပတ်ဆို ဘလော့ဂ်ဂါ လောကထဲ ပြန်ရောက်ပြီဆို .. ခုတော့ အပြီးပိုင်ခွဲထွက်သွားတာလားဟင် ...

ဘာပဲဖြစ်ဖြစ် အဘကျောက် ကောင်းရာသုဂတိ လားပါစေ နော် ..

ဒီလိုစကားမျိုးတွေ မပြောချင်ဘူး အဘ ရာ ....

Anonymous said...

:(
RIP KO GYI
:(
LITTLE SIS BY THE BIG LAKE

T T Sweet said...

ကိုကြီးကျောက် ညီမ အမြဲနောက်ကျတယ်။ ခုလဲ အွန်လိုင်းမတက်ဖြစ်တာကြာလို့ နောက်ကျပြန်ပြီကိုကြီးကျောက်ရေ။ ကြားကြားချင်း မယုံနိုင်လောက်အောင်ပါပဲ။ နေကောင်းသွားပြီဆို။ ၀မ်းသာလို့တောင် မဆုံးသေးဘူး။

သွားနှင့်ပါ ကိုကြီးကျောက်။
RIP ကိုကြီးကျောက်။
ချစ်နှမ မယ်ဆွိ

သံလွင် HeRo said...

ကောင်းရာသုဂတိလားပါစေ ဦးကျောက်။

Anonymous said...

အမေရိကန်ဆရာဝန်တွေ မှန်းခဲ့တဲ့ ၆လပြည့်ချိန် အေပရယ်လ၃၀-၂၀၁၁ နေ့လည်၁နာရီမှာ ဘလော့ဂါ ကိုကျောက် တကယ်သေဆုံးခဲ့ပါပြီ။
သူ့နောက်ဆုံးပို့စ်ကို မသေခင် ၆ရက်အလိုမှာ တင်သွားခဲ့ပါတယ်။မသေခင်တပတ်အလိုက ရိုက်ထားတဲ့ပုံတွေဟာ လူမမာရုပ်ပေါက်နေပါပြီ။
ကိုကြီးကျောက်ကို လူကိုလည်း မသိပါဘူး. ဘလော့ကိုလည်း မသိခဲ့ဘူး.. ဖေ့ဘွတ်မှာ နာရေးသတင်းတွေ့မှ လင်ခ့်ကနေလာကြည့်တာ.. စာတွေဖတ်ကြည့်တာ ဘလော့ကနေ ပြန်မထွက်ချင်လောက်တဲ့အထိ စာရေးကောင်းပါတယ်
ကျန်ရစ်သူဆွေမျိုးများနှင့်ထပ်တူ မဟုတ်တောင် စာရေးကောင်းသူတယောက်ဆုံးရှုံးသွားတာကို ၀မ်းနည်းစိတ်မကောင်းတာ အမှန်ပါ။း-(
အိုးဘားမား

steven adam said...

အားလုံးကိုပျော်စေချင်သူ...
အားလုံးကိုလှဲ့ထားခဲ့ပြိ..........
ကိုပေါက်ကောင်းရာသုဂတိလားပါစေ.......

Anonymous said...

ကောင်းရာသုဂတိလားပါစေဗျာ။
တစ်ကယ်ကယ်ကိုရင်နဲ့ အမျှဆုတောင်းပေးလိုက်ပါတယ်

Anonymous said...

မြင်းခြံသို့ အကြောင်းကြားရန်=ဒေါ်ယဉ်ယဉ်လှ - အမှတ် ၄ / ၁၂ ရပ်ကွက် ၊ မြို့မကျောင်းလမ်းအရှေ့ဘက် ၊ မြင်းခြံမြို့ ..ဖုန်း-၀၆၆-၂၂၈၂၀ ပါ..။
ရန်ကုန်လိပ်စာက - တိုက် (၁၁/F) ၆လွှာ ၊ ၅၆ လမ်း ၊ ပုဇွန်တောင်မြို့နယ်..ရန်ကုန်မြို့...။ဖုန်း-၀၉၂၂၁၅၀၈၆ပါ...။
သူတို့က ဦးကျောက်ရဲ့နောက်ဆုံးအခြေအနေကို အသေးစိတ်သိချင်လို့ပါတဲ့...။

Yuya Mon said...

KO Gyi Kyaut,
Rest In Peace:(

Ako Myo Aung said...

ဘကျောက် ကောင်းရာသုဂတိ လားပါစေ။ နောက်ဆုံးအချိန်ထိ့ ဝါသနာပါရာ တက်ကြမ်းတဲ့ ပညာနဲ့ လူအများကို ကိုယ်သိသလိုသိအောင် ဖျန့်ဝေပေးခဲ့တဲ့ ဘကျောက် ကောင်းရာဘုံဘဝ မှ သာဓုခေါ်ပါဗျာ။

sosegado said...

ဝမ်းနည်းကြေကွဲရပါသည်၊

မင်းမင်း said...

ကိုကြီးကျောက် ကောင်းရာမွန်ရာ ရောက်ပါစေ။ စစ်အစိုးရ လက်အောက်မှာ လူပြန်မဖြစ်ပါစေနဲ့။

SHWE ZIN U said...

ကိုကြီးကျောက် ကို ချစ်ခင်သူအားလုံး သို့

ကျနော် ကိုကြီးကျောက် အိမ် ကို ဖုန်းဆက်လိုက်ပါတယ် ကိုကြီးကျောက် ရဲ့ အမကြီး နဲ့ တွေ့ပါတယ်။ ၁ဝ ရက်နေ့ လောက် ဆွမ်းကပ်မယ်ပြောပါတယ်။

၂၆ ရက်နေ့ က မြင်းခြံအိမ်
ကို ကိုကြီးကျောက် ဖုန်းဆက်သေး တယ်လို့ပြောပါတယ်။ ကိုကြီးကျောက် နဲ့ ပတ်သက်တဲ့အမှတ်တရ ကျန်ခဲ့တာလေး တွေ လည်း အဆင်ပြေရင် ရချင်တယ်လို့ ပြောပါတယ်။ ကိုကြီးကျောက် က အင်မတန် စိတ်ရင်းကောင်းတဲ့ ကလေး လို့ ပြောပါတယ်။

အမ နဲ့ ညီမ ဒေါ်ရင်ရင်လှ ဖုန်းနံပါတ် က
09-49273407 နဲ့ 066-22820 ဖြစ်ပါတယ်

လိပ်စာက
ဒေါ်ယဉ်ယဉ်လှ အမှတ်(၄) ၁၂ရပ်ကွက် မြို့မကျောင်းလမ်းအရှေ့ဘက် မြင်းခြံမြို့ ဖြစ်ပါတယ်

ကျနော်လည်း အဲဒီဘက်ရောက်ရင် ဝင်သွား လိုက်ပါမယ်

ကိုကြီးကျောက် ကောင်းရာဘုံဘဝ မှာ အေးချမ်းစွာ နေတယ် လို့ ယုံကြည်ပါတယ်

ချစ်ခင်သူတွေ ရဲ့ ဘဝ ကတိုလိုက်တာ

ရွှေစင်ဦး

Anonymous said...

Dear Ko gyi kyauk.. I could not believe that u had passed away.. Really shock to know this sad news.. But what else can we do...???
Just wish to say "Goodbye".. Wait for us and we all do follow you sooner or later...

ရွှန်းလဲ့ said...

ဘကျောက် ကောင်းရာသုဂတိဘုံသို့ ရောက်ပါစေ....

Myanmar Good Knowledg Co., Ltd said...

ကောင်းရာသုဂတိလားပါစေ။

ဝမ်းနည်းကြေကွဲဖြစ်ရပါတယ်။

Anonymous said...

လေးလေးကျောက်

ကောင်းရာသုဂတိလားပါစေ..နောက်ဆုံးအချိန်ထိ
ဘလော့ဂါမောင်နှမတွေကို စိတ်မကောင်းမဖြစ်ရအောင်
နေကောင်းနေသလို နေပြသွားတဲ့ လေးလေးကျောက် အခုလို ရုတ်တရက်ခွဲခွာသွားတော့ အင်မတန်မှ ၀မ်းနည်းကြေကွဲမိပါသည် ။

မယ်ယွန်း

မိုးစက်အိမ် said...

ဘကျောက်တစ်ယောက် ကောင်းရာသုဂတိလားပါစေဗျာ
သေခြင်းတရားကိုနောက်ဆုံးချိန်ထိ အေးဆေးတည်ငြိမ်
စွာ နှလုံးသွင်းပြီးရင်ဆိုင်သွားတဲ့ဘကျောက်တစ်ယောက်
ကောင်းရာဘုံဘ၀မှာ ငြိမ်းချမ်းပါစေဗျာ . . .

Kyaw said...

R.I.P.

Anonymous said...

အဘ ရယ်...အဟုတ်ကိုထွက်သွားခဲ့ပြီကိုး...အဘမရှိတော့ပေမဲ့ဒီနေရာလေးကိုတော့...ခဏခဏလာကြည့်နေမိဦးမယ်ထင်ပါရဲ့...
သံယောဇဉ်ဆိုတာများကလဲ..ခက်သား...တစ်ခါမှမတွေ့ဖူးမမြင်ဖူးပေမဲ့..စာတွေဖတ်ရုံနဲ့တောင်တွယ်ငြိတတ်သေးတယ်....။
သွားမှာသာသွားပါတော့...ပြန်လှည့်မကြည့်..ဘာကိုမှမတွယ်ငြိပါနဲ့တော့နော်....။
ငြိမ်းချမ်းစိမ်းလန်းပါစေ........။

Anonymous said...

ဝမ်းနည်းရပါတယ်။
ကောင်းရာသုဂတိလားပါစေ...

Kozaw (Penang) said...

စာဖတ်ပရိတ်သတ် တစ်ယောက်ပါ ဘကျောက် ကောင်းရာသုဂတိလား ပါစေ

စော(အဝါရောင်မြေ) said...

ပြူဘူးခဲ့သော ကောင်းမူ အဖို့ ဘာက အစုစုကိုလည်း ကိုကြီးကျောက်အား အမျှဝေပါတယ်။
ကိုကြီးကျောက် ဘဝမှာ ဖြစ်ခြင်ခဲ့သော ဆန္ဒများအတိုင်း နောက်ဘဝမှာလည်း ထပ်တူဖြစ်ပါစေ။
၂၀၁၂ မှာ ဘာဖြစ်မယ်ဆိုတာတွေ၊
ကိုယ့်နိုင်ငံမှာ ဘာများပြောင်းလာဦးမလဲဆိုတာတွေ၊
ဘာတွေ ... ကိုမှ သိစရာမလိုတော့သော
စိတ်ချမ်းသာမူနဲ့ ပြည့်စုံသော ဘဝသစ်တစ်ခုကို ကောင်းမွန်စွာ ကူးပြောင်နိုင်ပါစေ။

Anonymous said...

Rest in Peace...

Chaw Su said...

I feel very sad for Ko Gyi Kyauk.May him Rest in Peace.

Anonymous said...

U Naing Pe @ Ko Gyi Kyauk,
A remakable blogger !
Knowledgeble, capable, witty, humourous on every topic.
Shweyady Diary was left by owner but makes big smiles to visitors.
You did great job !
Thu

ဇွန်မိုးစက် said...

သတိရလို့ လာကြည့်မိတယ်။ ငိုချင်သွားတယ်။ ကိုကြီးကျောက်... ကောင်းရာသုဂတိလားပါစေ။

Nay Lin said...

ကိုကြီးကျောက်ရဲ့ funeral service ကို
May 04, 2011 နေ့လည်၁နာရီကနေ ညနေ၄နာရီထိ
Advent Funeral & Cremation Service မှာ လုပ်မယ်လို့ သူ့ မိတ်ဆွေ ကိုစိန်ငှေးကပြောပါတယ်...Washington DC, Maryland & Virginia မှ တက်ရောက်နိုင်တဲ့မိတ်ဆွေများကို ကြွရောက်ပါရန်....
http://www.adventfuneral.com/

Anonymous said...

ဝမ်းနည်းမှတ်တမ်းကို ဒီနေရာမှာ ချရေးခွင့်ပြုပါ.. ဘကျောက်။
အရမ်း စိတ်မကောင်းဖြစ်နေမိတယ် ဆိုတာကလွဲလို့.. :'(

Unknown said...

We feel deeply sorry for Uncle Kyout!

မိုးမိုး said...

ကိုကြီးကျောက်.. စိတ်ထိခိုက်စွာနဲ့ပဲ ပြုသမျှကုသိုလ် အမျှပေးဝေလိုက်ပါတယ်....ရောက်ရာဘုံဘ၀က အမျှရပြီး သာဓု ခေါ်နိုင်ပါစေ။ အမျှ အမျှ အမျှ ကိုကြီးကျောက်ရေ..

သက်ဝေ said...

ကိုကြီးကျောက်ကို ချစ်ခင်ကြတဲ့ မောင်နှမတတွေရဲ့ C Box က ဝမ်းနည်းကြောင်း စာတွေ ကော်မန့်တွေ ဖတ်ရတာ ပိုပြီး စိတ်မကောင်းဖြစ်ရတယ်...

ဒီရက်ပိုင်းအတွင်း ပြုပြုသမျှ ကုသိုလ်ဒါနတွေ အားလုံးကို ကိုကြီးကျောက်အတွက် အမျှ ပေးဝေပါတယ်... ကောင်းရာ မွန်ရာ ဘဝတခုကနေ သာဓုခေါ်ပါနော်...

Anonymous said...

http://www.drwinthein.com/2010/11/cirrhosis-of-liver-col.html

ရွှေပြည်သူ (ShwePyiThu) said...

ကောင်းရာသုဂတိလားပါစေလို့ စိတ်မကောင်းခြင်းကြီးစွာနဲ့ ဆုတောင်းပေးပါတယ်ရှင်...

Nge Naing said...

အန်ကယ်နိုင် ဈာမနကို တာဝန်ယူ ဆောင်ရွှက်ပေးသူတွေအနေနဲ့ ဒီနေ့ ပြုလုပ်မည့် ဈာပနမှာ Funeral Service ကို ပြောပြီး အရိုးပြာ သိမ်းထားပေးနိုင်သူ ရှိရင်ရင်တော့ ကောင်းမယ်။ အဲလို သိမ်းထားပေးသမား ရှိရင် ကျွန်မတို့ မြန်မာဘလော့ဂါတွေ စုပေါင်းထည့်ဝင်ပြီး သူ့မွေးရပ်မြေမှာ အုတ်ဂူလေးတခု လုပ်ပြီး မြှုပ်နှံပေးလို့ရနိုင်ပါတယ်။ အဲဒီမှာ မြန်မာဘလောဂါထဲက ရှိရင် ဖြစ်နိုင်မနိုင် သိရအောင် တယောက်ယောက် စုံစမ်းမေးမြန်းကြ့ည့်စေချင်ပါတယ်။

Anonymous said...

ကိုကြီးကျောက်ရေ....
သက်သာလာပြီဆိုလို့ စိတ်အနည်းငယ်အေးရုံ ရှိသေး
မမျှော်လင့်တဲ့အချိန်မှာ ရုတ်တရက် ခွဲခွာသွားတဲ့ အကိုကြီး ကောင်းရာသုဂတိလားပါစေ။

ဆောင်း said...

ကိုကြီးကျောက်
တုံးကျော်ကျောက်ဆိုလို့  ၀မ်းသာနေတာ. ခရီးထွက်လို့ ပင်ပန်းပြီး ဖြစ်သွားတာလားဟင်
ဝမ်းနည်းလိုက်တာ ဒီရက်ထဲ နက်ထဲမ၀င်ဘူး ဘင်လင်ဒန် အကြောင်းဘဲ ဖတ်မိတယ်။

တကယ်လို့ များ ဘလော့ဂါ မောင်နှမတွေ ကို အိမ်မက် လာပေးခဲ့ရင် အသိပေးကြပါ. မောင်နှမ တွေ အားလုံး ကိုကြီးကျောက်ကို လွမ်းဆွတ် ၀မ်းနည်း ငို နေကြပါတယ်

ကိုကြီးကျောက်ရဲ့ အတွေ့ အကြုံတွေ ဟာသလေးတွေ ကို ဘဲ အမှတ်တရ ထပ်ထပ် ဖတ်နေရပါတယ်။

ဘကျောက်ရေ သံသရာသာ ရှိရင် ကိုကြီးကျောက် ဒီဘ၀လို ဘဲ ပျော်ပျော်ရွှင်ရွင် အေးချမ်းသာယာပြီး ရောဂါကင်းတဲ့ ဘ၀ ပိုင်ဆိုင်နိုင်သူ ဖြစ်ပါစေ။ နှောင်ဘ၀မှာလဲ ဗုဒ္ဒဘာသာဝင် ဖြစ်ပြီး စစ်အစိုးရ အုပ်စိုးတဲ့ မြန်မာနိုင်ငံမှာ လူမဖြစ်ပါစေနဲ့ လို့ ဆုတောင်းပေးပါတယ်။

ကျမ ပြုပြုသမျှ ကုသိုလ်အဖို့ ဘာဂကို အမျှ အမျှ အမျှ ပါ ကိုကြီးကျောက်ရေ

T said...

ကိုကြီးကျောက်ရေ.... ဖလန်း ဖလန်းထနေတယ်ဆို… ယုံအောင် ဘဲ ပြောသွားတာလား..
Didn't expect this ending.. SOOO SAD..
ကောင်းရာသုဂတိလားပါစေ။

ကိုတုံ said...

ကိုကြီးကျောက် ဘလော့ကို သိကတည်းက ပို.စ် အသစ် တင်တိုင်း လာလာဖတ်ခဲ့တာပါ။ တစ်လောကပဲ
book mark မတွေ့လို. မရောက်ဖြစ်တာ...ပေါ့ပါး
လွတ်လပ်ပြီး ဟာသဥာဏ်ရှိတဲ့ စာရေးဟန်ကို အရမ်းနှစ်သက်ပါတယ်.. အမြဲတမ်း အမှတ်ရနေမှာပါဗျာ... ကိုကြီးကျောက် ကောင်းရာ သုဂတိရောက်ပါစေလို. ဆုတောင်းရင်း ကုသိုလ်တွေ အမျှဝေလိုက်ပါတယ်။

Anonymous said...

ko gyi kyaut
i miss you.

လင်းကြယ်ဖြူ said...

ကိုကြီး ကျောက်...
ကိုကြီး ကျောက်...
ကိုယ့်ဆရာ ဖန်တီးမှုတွေ က ရှင်သန်ဆဲ...
မှတ်တိုင်တစ်ခုက
ရှိနေခဲ့...
ရှိနေဆဲ....
ရှိနေဦးမှာပဲ......
သွားနှင့်တော့ ဆရာကျောက်...
ကျွန်တော်လည်း တစ်နေ့ရောက်မှာပဲ......

ရောက်တဲ့ နေရာမှာ

ပျော်ပါစေ ဘော်ဒါရေ.....

လင်းကြယ်ဖြူ

Anonymous said...

Hello... Anyone Home?!!!!

Anonymous said...

ကိုကြီးကျောက်...
အိမ်ရှင်မရှိမှန်းသိလျက်နဲ့....လာလည်နေမိတယ်ဗျာ...
သေရင်ပြီးပြီတဲ့...
ကျန်ခဲ့တဲ့သူတွေကတော..မပြီးနိုင်သေးဘူးဗျာ...

အဖြူရောင်နတ်သမီး said...

ဘကျောက်ရဲ့မွေးနေ့ရောက်ပြီနော်...၊ ဘကျောက်ရဲ့မွေးနေ့မှာ တူမကြီး ပြုခဲ့သမျှ ကုသိုလ်များအားလုံးအတွက် အမျှပေးဝေပါတယ်၊ ဘကျောက် အမျှရ၍ သာဓုခေါ်ဆိုနိုင်ပါစေရှင်.....။
အမှတ်တရ(၂၂.၀၅၂၀၁၁)

Anonymous said...

အိမ်ရှင်မရှိမှန်း သိပေမယ့် လာကြည့်ဖြစ်နေပါသေးတယ် ကိုကျောက်ရယ်

အင်္ဂါဟူး said...

ရောက်လာသေးတယ်..ဘကျောက်ရယ်..မေ့ပျောက်မရနိုင်သေးပါဗျာ။

ရောက်ရာဘုံမှာအေးချမ်းပျော်ရွှင်ပါစေဗျာ။

အဖြူရောင်နတ်သမီး said...

ဘကျောက်ရေ...
၁လတောင်ပြည့်သွားပါပြီကောလား...
တနေ့မှ မေ့မရပါ...
ဘကျောက် ကောင်းရာဘုံမှာ ပျော်ရွှင်ပါစေရှင်...

Anonymous said...

ကိုကျောက်ရေ
ခရီးထွက်နေတယ်ဆို..
ကျနော့်မှာ မယုံကြည်နိုင်လောက်အောင် အလုပ်များပြီး အင်တာနက်လိုင်းက ပြတ် ကွန်ပြူတာက မရ နဲ့ သူငယ်ချင်းတယောက်ပြောမှပဲ သိရတော့တယ်ဗျာ "သေရွာပြန်ကျောက်" ဆိုပြီး
ရေးပါဦးလို့ ပြောတုန်းက သေရွာက ပြန်ဖို့ မကျိန်းသေသေး လို့ပါ လို့ ကိုကျောက်ပြောတာ သတိရနေတယ်ဗျာ နီးနီးနားနားက လူက အဝေးကြီးကိုရောက်မှ ၀မ်းနည်းကြောင်း စာရေးဖြစ်တော့တယ်ဗျာ.
ကျနော့်စိတ်ထဲမှာတော့ မခရစ်စတယ်ပြောသလိုပဲ တနေရာ ရာမှာ ဘုန်းကြီးအပြီး ၀တ်ပြီးနေ နေတာလားလို့လဲ ထင်မိပါတယ် ဧပြီဖူးလ်နေ့ မတိုင်မှီမှာ ဆုံးတာဆိုတော့လဲ နောက်နေတယ်ပဲ ထင်မိပါတယ် အသုဘဓါတ်ပုံတွေများ တဦးဦး တင်ထားပြီးပြီလား ကျနော်ခုပထမဆုံး ကိုကျောက်ဘလော့ကို အရင်ရောက်တာဆိုတော့လဲ မသိသေးဘူးဗျာ တချိန်ချိန်မှာ " ငါမသေဘူး ရေကူးတတ်တဲ့ ကျောက်" ဆိုပြီးတော့များ ပြန်ပေါ်လာဦးမလား လို့လဲ မျှော်ပါတယ် ခရီးထွက်တဲ့အချိန် ဖုန်းမဆက်ဖြစ်ခဲ့တာလဲ စိတ်မကောင်းဖြစ်ရပါတယ်ဗျာ..
ဘာပဲဖြစ်ဖြစ် လူတွေကို ပျော်ရွှင်စေချင်သူ သေရင် ရာထူးတိုးမဲ့သူဆိုတော့ ကောင်းရာသုဂတိ လားပါစေလို့ ပြောဖို့ မလိုတော့ပါဘူးနော..နောက်ဆုံးရေးခဲ့တာလဲ
ခြေထောက်ကို ဆွဲ သူရဲ တဲ့လားဗျာ..သူရဲတော့ ဖြစ်မဲ့သူမဟုတ် ဖြစ်ရင်လဲ ခြေထောက်ကို ပဲ ဆွဲဆွဲ လက်ကိုပဲဆွဲဆွဲ ဒါ ကိုကျောက်ပဲလို့ ..

ကိုချစ်ဖေ.

အဖြူရောင်နတ်သမီး said...

ဒီနေ့ဟာလည်း ဘကျောက်ကွယ်လွန်သွားခဲ့တာ (၁)လပြည့်တဲ့နေ့ဖြစ်ပါတယ်။

ကျမနဲ့အတူ ဘကျောက်ကို ချစ်ကြတဲ့ စာဖတ်သူ၊စာရေးသူ မောင်နှမတွေလည်း ကျမလိုပဲ ဘကျောက်ကို လွမ်းဆွတ် သတိရနေကြလိမ့်မယ်လို့ ကျမယုံကြည်ပါတယ်။

ဘကျောက်ဟာ သူ မကွယ်လွန်မီ လအနည်းငယ်အလိုကတည်းက သူ့ရဲ့ရောဂါအခြေအနေကို ကြိုတင်သိထားပြီးပေမယ့် သူကွယ်လွန်သွားတဲ့အချိန်အထိ အပြုံးမပျက်ပဲ ဘလော့ဂ်လောကထဲမှာ ဘလော့ဂ်ကာမိသားစုဝင်များနဲ့အတူ ပျော်ရွှင်စွာနေသွားခဲ့သူပါ..။

သူရေးခဲ့တဲ့ Post အားလုံးလိုလိုဟာ ကျမ အတွက်ဗဟုသုတရစရာ၊ အတုယူစရာတွေဖြစ်ခဲ့ရတဲ့အပြင် ကျမစိတ်ဝင်စားတဲ့ ရိုးမတောထဲက အဖြစ်အပျက်များ၊ သရဲအကြောင်း၊ သိုက်အကြောင်းတွေဟာလည်း ကျမအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ စိတ်အဝင်စားဆုံးအကြောင်းအရာတွေပါပဲ။

ဘကျောက်ရေးခဲ့တဲ့ “ယမမင်းထံသို့ ခြေလှမ်း(၁၈၀ ) ”ဆိုတဲ့ Post တင်ပြီးတဲ့နောက်ပိုင်းမှာတော့ ဘကျောက်ကို ချစ်ခင်ကြတဲ့ အနယ်နယ် အရပ်ရပ်မှ စာရေးသူ၊ စာဖတ်သူများရဲ့ ဆုတောင်းမေတ္တာများ၊ ဆေးဝါးများ၊ ဘုရားစာများ၊ စသည်တို့ကို ဘကျောက်ထံသို့ နည်းမျိုးစုံနဲ့ အရောက်ပို့ပေးခဲ့ကြတာဟာလည်း မြန်မာလူမျိုးတို့ရဲ့ မိသားစုမေတ္တာကို ပြသခဲ့ကြတာပဲ မဟုတ်ပါလားရှင်။ ဘကျောက်ရဲ့ ခံစားနေရတဲ့ ဝေဒနာတွေ သက်သာစေကြောင်း ဆေးဝါးများနှင့် ဆုတောင်းများကို လက်ခံခဲ့တဲ့ ဘကျောက်ရဲ့ ရင်ထဲမှာ ဘယ်လိုများခံစားခဲ့ရရှာမလဲ....၊

တနေ့... သူ့ရဲ့G Talk status မှာ “အရမ်းဝမ်းနည်းနေလို့ ဘယ်သူနဲ့မှစကားမပြောနိုင်ပါ” ဆိုတဲ့ စာတန်းလေးကို တွေ့ခဲ့ရတယ်၊ ကျမလေ.. ဘကျောက်ရဲ့ ရင်ထဲကို ဝင်ပြီး ခံစားမိပါတယ်၊ ကိုယ်သေမယ့် နေ့ကို သိနေတဲ့သူတယောက်ရဲ့ ရင်ထဲမှာ တရားမှတ်ဖို့အချိန်၊ ကြိုတင်ပြင်ဆင်စရာများအတွက် အချိန်ဆိုတာရှိပေမယ့် ဝေဒနာခံစားရင်း သွေးပျက်ခြောက်ခြားနေမှာ အမှန်ပါပဲ..။

ဘကျောက်ကတော့ အပြုံးမပျက်ပဲ စာရေးသူမောင်နှမတွေကြားထဲမှာ စလိုက်... နောက်လိုက်နဲ့ သူ့ရဲ့ခက်ခဲလှတဲ့ အချိန်တွေကို ဖြတ်သန်းသွားခဲ့ပါတယ်။

သူ မကွယ်လွန်မီအချိန်အနည်းငယ်မှာတောင် သူခံစားနေရတဲ့ ရောဂါဟာ လုံးဝပျောက်ကင်းသွားပြီ၊ သူ မသေနိုင်တော့ပါဘူး ဆိုတဲ့ Post လေးကိုရေးပြီး သူ့အပေါ်မှာ စိတ်ပူနေကြတဲ့ စာရေးသူ၊ စာဖတ်သူ မိသားစုဝင်များရဲ့စိတ် (အစွဲ)ကို ဖြေဖျောက်ပေးခဲ့တဲ့ တရားသိတဲ့ လေးစားရတဲ့ မြန်မာဗုဒ္ဓဘာသာတဦးပဲဖြစ်ပါတယ်။

ဘကျောက်ဟာ ကျမအတွက်တော့လူစွမ်းကောင်းတယောက်ပါပဲ...

ဘကျောက်ရေ...

တူမကြီးရဲ့ Post တွေထဲက ဘကျောက်ရေးခဲ့တဲ့ commentတွေကို ပြန်ဖတ်ရင်း ဘကျောက်ကို တနေ့မှ မေ့မရခဲ့ပါဘူး...။

ဘကျောက်လို တရားရှိတဲ့သူ တယောက်အတွက် ဘာအစွဲမှမရှိပဲ အခုချိန်မှာ ကောင်းရာဘုံတခုခုကို ရောက်ရှိနေလိမ့်မယ်လို့လည်း တူမကြီး ယုံကြည်ပါတယ်..။

ဒီနေ့ဟာ ဘကျောက်ကွယ်လွန်ခဲ့တာ (၁)လပြည့်တဲ့နေ့မို့...

ဘကျောက်အတွက် အမှတ်တရ Postလေးရေးရင်း တူမကြီးနှင့်တကွ ဘကျောက်ကို ချစ်ကြတဲ့ စာရေးသူ၊ စာဖတ်သူများက ဘကျောက်ကို မမေ့မလျှော့ အမြဲသတိရနေကြတယ် ဆိုတာ ဘကျောက်တယောက် သိမြင်နိုင်ပါစေနော်....

ပြီးတော့ တူမကြီးပြုခဲ့သမျှ ကုသိုလ်ကောင်းမှုများကိုလည်း အမျှပေးဝေပါတယ်.. ဘကျောက် သာဓုခေါ်ပေးပါနော်...

ဘကျောက်ရဲ့ “ရုပ်ခန္ဓာ”မရှိတော့ပေမယ့် ....

ဘလော့ဂ်လောကမှာ ဘကျောက်ရဲ့“နာမ်”ရှိနေသေးတယ်...

ဘကျောက်ရေးသားခဲ့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ စာပေတွေဟာ ထာဝရရှိနေမှာပါ....

ဘကျောက်ကို ချစ်တဲ့ စာဖတ်သူ၊ စာရေးသူတို့ရဲ့ရင်ထဲမှာ ဘကျောက်ဟာ “HERO” တယောက်ပါ...

တူမကြီးတို့ရဲ့ ရင်ထဲမှာ ဘကျောက်ကို ချစ်တဲ့ အချစ်တွေ ဘယ်တော့မှ မပျောက်ပျယ်သွားဘူးဆိုတာကို ဘကျောက် သိမြင်နိုင်ပါစေ...
ဘကျောက်တယောက် မြင့်မြတ်သော ဘုံမှာ အေးချမ်းပျော်ရွှင်နေပါစေရှင်....

SHWE ZIN U said...

အကိုကြီး ရေ

တလပြည့်သွားပေမဲ့ သတိရနေဆဲ လွမ်းနေဆဲ ပါဗျာ

ချစ်နှမ
ရွှေစင်

Anonymous said...

i didn't know that !!!! so sad to know about ......



mg moe thae

ဆောင်း said...

အိမ်ရှင်မရှိတော့ပေမဲ့ လာချောင်း မိပါတယ်။ သေရွာက ပြန်လာပြီဟေ့ ဆိုတဲ့ပို့စ်လေးများ တွေ့ လေမလားလို့ 
စိတ်ညစ်တိုင်းဒီအိမ်လာလည်ရင် အိမ်ရှင်ရဲ့ပို့ စ်တွေက ဧည့်သည် တွေကို စိတ်ချမ်းသာစေတယ်။ ဘယ်တော့မှ မမေ့နိုင်ပါဘူး။
တကယ်လို့များလူပြန်ဝင်စားရင်
ငါပြန်လာပြီဟေ့လို့  ပြောစေ ချင်လိုက်တာ။

ကိုကြီးကျောက်ကောင်းရာသုဂတိ လာပါစေ။

ဂျစ်တူး ( မုံရွာ ) said...

နှတ်ဆက်သံတွေလာလာကြည့်ဖြစ်တယ်-
အခုမှ ငို ချင်လိုက်တာဗျာ-

Anonymous said...

ကိုကြီးကျောက် ပိုင်ရှင်မရှိတဲ့ ဘလောက်ကလေးကို လာကြည့်မိပြီ ဝမ်းနည်းနေရပြီ။ တွေးတွေးပြီးတော့လည်း ငိုမိတယ်။ ဆေးရုံတက်တုန်း မတွေ့လိုက်ရတာ စိတ်မကောင်းဘူး။ ကောင်းရာသုဂတိလားပါစေ.အကိုကြီးရေ...

ဂျစ်တူး ( မုံရွာ ) said...

ကိုကြီးကျောက်-
ကျနော်အခုအထိခါးနာနေတုံးဘဲဗျ-ဆေးကုနည်းတွေလာ
ပေးပါအုံးလားဗျာ-

Anonymous said...

အိမ်ရှင်မရှိလည်း ပြတိုက်တစ်ခု ဖြစ်တည်ကျန်ခဲ့ပါတယ်ဗျာ။

အဖြူရောင်နတ်သမီး said...

၂လပြည့်ပြန်ပြီ ဘကျောက်ရေ...
သတိရလျှက်...း(

အဖြူရောင်နတ်သမီး said...

(၃)လပြည့်ပြန်ပြီ ဘကျောက်ရေ...
တနေ့မှ မေ့မရပါ...
၃၀.၇.၂၀၁၁(စနေနေ့)ဟာ တူမကြီးရဲ့ အဖြူရောင်နတ်သမီးဘလော့ဂ်(၂)နှစ်ပြည့်တဲ့နေ့ပါ..။
ဘကျောက်သာရှိရင် တူမကြီးကို ရီစရာပုံပြင်လေးတပုဒ် ရေးပြီး လက်ဆောင်ပေးအုံးမှာမလား..။
ဘကျောက် ကောင်းရာသုဂတိလားပါစေရှင်....။

Nyi Lin Win said...

ဦးပေါက်
ခုပဲ ကျွန်တော်မြင်းခြံကအန်တီနဲ့ဖုန်းပြောပြီးတယ်
ဦးပေါက်ကို တူတူမ အားလုံး သတိရဆဲပါ

အဖြူရောင်နတ်သမီး said...

ဘကျောက် တူမကြီးတို့နဲ့ ခွဲသွားတာ(၄)လပြည့်ပြီနော်..

မနက်ဖြန်ဆိုရင် BLOG DAY တဲ့.. ဘလော့ဂ်ကာအချင်းချင်း တဂ်ပို့စ်လေးတွေရေးနေကြတယ်...။
သူတို့ရေးတဲ့ ဘလော့ဂ်ကာစာရင်းတွေထဲမှာ ဘကျောက်နာမည်က ထပ်ဆုံးကပဲ သိလား..။

ဘကျောက်လည်း သိပြီး ဖတ်ပြီးရောပေါ့၊ ဆိုဒ်ဘားမှာ တက်လာသမျှ ပို့စ်အသစ်တွေကို ဘကျောက်မြင်နေရတာပဲလေ။

တူမကြီးတို့ရဲ့ရင်ထဲမှာ ဘကျောက်အမြဲတန်းရှိနေပါတယ်...။
ဘကျောက်အိမ်လေးကို ဖုန်ခါပေးသွားတယ်နော်...
ဘကျောက်တယောက် ကောင်းရာသုဂတိလားပါစေရှင်...

Anonymous said...

ဝဲကြောက်တဲ့ဘကျောက်ရေ

သတိရတိုင်း ဘကျောက်ရဲ့ မှတ်တမ်းတွေ လာပြန်ဖတ်ပါတယ်။ ကွန်မဲန့် တွေ အပေးကျဲသွားကြပေမဲ့ အားလုံး အမှတ်တရရှိနေပါသေး တယ်။

ဒီဘလော့ကို ပြန်အသက်ရှင် စေချင်သေးတယ် စာသားတွေ ပေါ်စေချင်သေးတယ် မသိရသေးတဲ့ ဗဟုသုတတွေ သိချင်နေသေးတယ်

ဆောင်း

အဖြူရောင်နတ်သမီး said...

(၅)လပြည့်ပြန်ပြီပေါ့..
၂ရက်နောက်ကျသွားတယ် ဘကျောက်ရေ..
အမြဲသတိရလျှက်...

အဖြူရောင်နတ်သမီး said...

သီတင်းကျွတ်လပြည့်နေ့မှာ ဘကျောက်ကို လာကန်တော့ပါတယ်..၊ ဘကျောက် ကောင်းရာသုဂတိလားပါစေရှင်

kiki said...

ချစ်ခင်ရပါသော ဘကျောက်ရေ ..
ဘလော့ဂါအပေါင်းကိုခွဲခွာသွားခဲ့တာ ၆ လ တောင်ရှိတော့မယ် ။ ဘကျောက်ရဲ့ ရွှတ်နောက်နောက်နဲ့ ဗဟုသုတ တွေ စုံလင်လှတဲ့ စာလေးတွေ ဆက်ဖတ်ချင်နေပါသေးတယ်..
ခုချိန်ဆို ဘယ်သူ့ ခြေထောက်ကိုများ သွားပြီး ဆွဲနေမှာလည်း ....
ဘဝသစ်မှာ ချမ်းမြေ့ပါစေ ဘကျောက်ရေ..

နှမတော်
မယ်ကိ..

အဖြူရောင်နတ်သမီး said...

(၆)လပြည့်အလွမ်း...
မမေ့ဘူး ဘကျောက်..

ညလဝ said...

ဘာလိုလိုနဲ့ ၆လတောင်ပြည့်ပေါ့ ဦးပေါက်
ဘန်ကောက်မှာတော့ ရေတွေကြီးနေလေရဲ့ဗျာ
ဦးစိန်ဌေးမနက်ကဖုန်းဆက်လို့တောင် ဦးပေါက်အကြောင်းတွေပြောနေမိသေးတယ်
ဒီဇင်ဘာ သို့မဟုတ် ဇန်နဝါရီလဆန်းလောက် ကျွန်တော်မြန်မာပြည်ပြန်လည်ဖြစ်မယ်
အဲကျမှ ဦးပေါက်အတွက်ရည်စူးပြီး ဆွမ်းလောင်းမယ်
တနှစ်ပြည့်တဲ့နေ့တော့ ဦးပေါက်သူငယ်ချင်းတွေအလွမ်းပြေ ဦးပေါက်ဘန်ကောက်မှာရိုက်ခဲ့တဲ့ဓာတ်ပုံတွေ ကျွန်တော်သူတို့ကြည့်နိုင်ဖို့စဉ်မယ်

ဂျစ်တူး ( မုံရွာ ) said...

စီဘောက်စ်ထဲမှာဘာမှရေးလို့ မရတော့ဘူး ဘကျောက်
ရေ - - - -
ကျနော်ကုသိုလ်ဖြစ်တဲ့ 
တစ်သုံးလုံးဘုရားဖူးကားနဲ့ ဘုရားဖူး
ထွက်ဖို့ လာခေါ်တာပါ။ ၁-၁-၂၀၁၂ နေ့ တနာရီမှာ
တိုပါးရိုးဘုန်းကြီးကျောင်း ကနေ ကားတွေစတင်ထွက်မှာ
နော်-စင်္ကာပူမှာရှိတဲ့ ဗုဒ္ဓဘာသာဘုရားတွေကိုလိုက်ပို့ မှာ
ပါ။ ဒီနှစ်က ၈ နှစ်မြောက်ပေါ့-

အဖြူရောင်နတ်သမီး said...

HAPPY NEW YEAR... ဘကျောက်

မောင်သီဟ said...

သတိရမိတယ်ပဲပြောခဲ့မယ် ကိုကိုကျောက်ရေ

ဟန်ကြည် said...

စာတွေ ပြန်လာဖတ်ဖြစ်တယ် ကိုကြီးကျောက်ရေ...ဘယ်လောက်ကြာကြာ သတိရတုန်းပါပဲဗျာ...

ကောင်းရာသုဂတိမှာ ငြိမ်းချမ်းပါစေ...

Anonymous said...

ကိုကြီးကျောက်
ငြိမ်းချမ်းစွာ အနားယူပါ



မယ်ဆင်

အဖြူရောင်နတ်သမီး said...

ဘကျောက်ရေ..
ရောက်တယ်နော်..
၉လတောင်ရှိသွားပြီနော်..း(
ဘကျောက်တစ်ယောက် ကောင်းရာသုဂတိလားပါစေရှင်

...အလင်းစက်များ said...

ဘကျောက်ရေ........ သတိရလို့  အလည်တစ်ခေါက် ရောက်လာခဲ့တယ်။ ရောက်ရာ နေရာမှာ အဆင်ပြေပါစေဗျာ။

Anonymous said...

ကိုကြီးကျောက်ရဲ့ အိမ်လေးကို.. လာလည်ဖြစ်နေဆဲပါပဲ။ မကြာတော့တဲ့ကာလမှာ ကိုကြီးကျောက် ခွဲခွါသွားတာ တစ်နှစ်ပြည့်တော့မယ်.. စိတ်ထဲမှာ မနေ့တစ်နေ့ကလိုပဲ...
ကိုကြီးကျောက် ကောင်းမွန်ရာ ဘုံဘ၀မှာ ပျော်ရွှင်နေမယ်လို့ ယုံကြည်ပါတယ်..
ကိုတိုး

နမ်းမဝ(အဖြူရောင်နတ်သမီး) said...

ဘကျောက် တူမကြီးတို့ကို ခွဲခွာသွားတာ နောက်လဆိုရင် ၁နှစ်တောင်ပြည့်ပြီနော်..
အရမ်းသတိရပါတယ် ဘကျောက်ရယ်..
ဘကျောက် ကောင်းရာဘုံမှာ ပျော်ရွှင်နေပါစေရှင်....

tg.nwai said...

ကိုကြီးကျောက်ရေ...သတိရလို့ပါ...တနှစ်တောင်ရှိရော့မယ်..ကောင်းရာမွန်ရာဘ၀မှာ ပျော်ရွှင်ချမ်းမြေ့ပါစေလေ..

အဖြူရောင်နတ်သမီး said...

မနက်ဖြန်ဆိုရင် ဘကျောက် တူမကြီးတို့နဲ့ခွဲသွားတာ (၁)နှစ်ပြည့်ပြီနော်

Nge Naing said...

အန်ကယ်နိုင် သံသရာခရီးကို ကောင်းရာဘုံဘ၀မှာ ငြိမ်းချမ်းပျော်ရွှင်စွာနဲ့ ဆက်လက်လျှောက်လှမ်းနိုင်ပါစေလို့ ကျွန်မတို့ကို စွန့်ခွာသွားတဲ့ တနှစ်တိတိပြည့်တဲ့နေ့မှာ လာဆုတောင်းသွားပေးသွားပါတယ်။

Anonymous said...

ကိုကြီးကျောက် ရေ

အမြဲသတိရနေပါတယ်

ချစ်နှမ
ရွှေစင်

Anonymous said...

ဘကျောက်ရေ. ၀မ်းနည်းတာဖြစ်တိုင်း စိတ်သက်သာရ အောင် ပို့ စ်အဟောင်းတွေ ဖတ်ပြီး ရယ်မိပေမဲ့ စာရေးတဲ့ သူအတွက် သတိတရ ဖြစ်ရပြန် ပါတယ်။
ဘကျောက်တယောက် ရောက်ရာဘ၀မှာ အသက်ရှည်ရှည် ကျန်းကျန်းမာမာ နဲ့  ပျော်၇ွှင်စွာ နေရပါစေလို့ ဆုတောင်းပါတယ်

ဆောင်း

အဖြူရောင်နတ်သမီး said...

၁နှစ်၁လ အမှတ်တရ.. ရောက်ရှိပါကြောင်း..
ဘကျောက် ငြိမ်းချမ်းသော ဘဝမှာ ပျော်ရွှင်ပါစေ...

An Asian Tour Operator said...

သတိရလို့ လာကြည့်ဖြစ်တယ်..။

Anonymous said...

လာကြည့်ဖြစ်နေတုန်းပဲ

ကောင်းရာမွန်ရာဘ၀ ရောက်နေပါစေ...

ကုသိုလ် အမျှ..အမျှ..အမျှ..

အဖြူရောင်နတ်သမီး said...

ဘကျောက်ရေ..
သီတင်းကျွတ် အခါသမယမှာ.. ဘကျောက်ကို လာကန်တော့ပါတယ်..
ဘကျောက်တစ်ယောက် ကောင်းရာဘုံမှာ ပျော်ရွှင်ပါစေ....

သူကြီးမင်း (တုံးဖလား) said...

ဘကျောက်ကြီး ခုလောက်ဆို ကလေးဘ၀ပြန်ရောက်ပြီး အိုင်ပက်ကြီးနဲ့ ကစားနေပြီလား မသိ။း)
အမှတ်ရလျှက်ပါ ဘကျောက်။

အဖြူရောင်နတ်သမီး said...

ဘကျောက်ရေ..
တန်ဆောင်တိုင် လပြည့်နေ့မို့ လာကန်တော့တယ်နော်...

Anonymous said...

Ukraine Distributor of hard to find & obsolete electronic parts. Industrial electronic & electrical repair services.

Best wishes,

Alex

please contact us:
mailto:stock-nelikvid@mail.ru
fax: +38.067.236.8637
skype us: radiodetali123

အဖြူရောင်နတ်သမီး said...

သတိရတယ် ဘကျောက်ရေ...
နှစ်သစ်မှာ ဘကျောက်တစ်ယောက် ကောင်းကင်ဘုံမှာ ပျော်ရွှင်ပါစေနော်..
တူမကြီး ပြုသမျှ ကုသိုလ်ကောင်းမှုများကို ဘကျောက်အတွက် အမျှပေးဝေပါတယ်..
ဘကျောက် “သာဓု”ခေါ်ဆိုပါ..

Anonymous said...

Неликвиды оптом покупаем

ICQ 427-616-956
tel:+38(095)8561468
Руслан

Разъем а/м PANASONIC 35 Есть
ШР20У2НГn-К
СНП58-16/94х9В-23-2 (вилка)(87г) з/у политилен 10шт РАЗЪЕМ
РС7АТВ
10-0041 / D 65 mm разъем 7дн
Разъем EURO 1х16(вилка) а/магн.
СШР48П20ЭШ2 вилка приб.б/кож. ГЕО.364.107ТУ 5" СССР"
СНЦ23-28/27В1(2,4,6,8,11,12,13)(а,б,в,г)В
2РТТ55КУН6Ш30В
PJ027 (1.65mm center pin) Есть
2 pin WP L=40 D=21.5mm 2х075mm Разъем 7дн
Гнездо SHEVROLE Radio - переходник на разъем EVRO
Разъем PLS-40TP (SMD)(штыри для SMD монтажа вертик
СНО63-64/95*9р-24-2-в группа Разъемы ---818770
Разъем 049 инжектор пит. для ант.
РРС5-4-9-2-В
2РМ18Б7Ш1В1 ВИЛКА БЛОЧНАЯ РАЗЪЕМ
РРС5-19-1-А-2-В
SCM-20 б/г Имп.разъем
СР50-435ФВ(5) Разъем без контактов AE809732
ШР40СК16НШn-К
2РТТ55БПЭ31Ш33В
2РТТ28КУН2Ш9В
РРН30-4-1-1(2,3,4,5)В -вилка блочная герметичная, с креплением гайкой
2РМТ33КУЭ20ГnВ(А)1(ЛБ)В
СР50-281ФВ(5) группа Разъемы ---808847
МР1-32-7В
ОНЦ-РГ-09-10/22-Р1 (мет)(розетка) РАЗЪЕМ НА ПАНЕЛЬ 2рм22б10г1в1
2РМ27КУН24Ш1В1 разъем
СР50-156ФВ(5) группа Разъемы ---808935
РРС6-32-1-2-В
ПЕРЕХОДНИК 05-3105 BNC-F РАЗЪЕМ
СНЦ23-45/39Р6БВ группа Разъемы ---809746
2РМДТ33КПЭ20ШnВ(А)1(ЛБ)В
ШР55СК6НШn-К
СР50-155ФВ(5) Октябрь группа Разъемы ---15478
РБМ4-19-Г1(2,3,6,7)-(5)В
LG 1200 Нижний разъем 7дн
РРС6-4-А-9-1-В
Р48П28НГ1 вилка каб.с прям.кож. 5" Украина без гайки"
СШР60У45ЭШn
ШР55ПК32ЭШn-К
DIN41612B/2-32M (разъем) 10
2РТТ36КПЭ7Г19В
2РМД27КУЭ7Г5В1/разъем
РС19ТВ
2РМДТ30БПЭ8ГnВ(А)1(ЛБ)В
F коннектор на кабель RG6
1-041G, Разъем аудио 3.5мм "шт"стерео пластик "позолоченный" на кабель
СР-50-74ПВ 87г демонтаж, были под пайкой


39896

Anonymous said...

ကိုကြီးကျောက် ရေ

သတိရနေတယ်ဗျာ

ချစ်နှမ
ရွှေစင်

Anonymous said...

မမြဲတဲ့ အနိစ္စတရားကို သက်သေပြသွားခဲ့တာလား ကိုကြီးကျောက်

Anonymous said...

ဘကျောက်ရေ .... ၅နှစ်တောင်ရှိသွားပြီ။ မြန်မာပြည်မှာသာ လူပြန်ဖြစ်ရင်တော့ ကကြီး ခခွေး ဖတ်တတ်နေလောက်ပြီပေါ့။ ဘကျောက်ခလေး အရင်ဘ၀ကို သိတဲ့ဥာဏ်များရှိလို့ ဒီဘလော့လေးသာလာကြည့် ဖြစ်ရင်တော့ လွမ်းနေတဲ့ ညီ အကို မောင်နှမတွေကို တွေ့ရမှာပဲ။

သတိရနေတဲ့
မိုးဦး