Sunday, March 6, 2011

ကျောက်သစ္စာရှင်


ကိုကြီးကျောက်တို့ ယောင်္ကျားတွေကို မိန်းမတွေက သစ္စာမရှိဘူး...ဘာဘူး..ညာဘူး..နဲ့ မကြာမကြာစွတ်စွဲပြောဆို တတ်ကြတာတွေ ခနခနတွေ့နေရတတ်ပါတယ်၊ တကယ်တော့ ကိုကြီးကျောက်တို့ ယောင်္ကျားတွေနဲ့ မိန်းမတွေ သစ္စာရှိခြင်းအကြောင်း အပေါ်မှာ ရှုမြင်တာတွေ ကွဲလွဲကြလို့သာ ဒီလိုစွတ်စွဲမှုတွေ ပေါ်ပေါက်လာရတယ်လို့ ကိုကြီးကျောက်တော့ ထင်တာပဲ၊

မိန်းမတွေရဲ့ သဘောသဘာဝက တယောက်ဆို တယောက် ပိတောက်ဆို ပိတောက် စွဲစွဲမြဲမြဲ သစ္စာရှိနေမှ သစ္စာရှိတယ်လို့ ထင်ကြတာမျိုးကိုး၊ နောက်ဆုံးကုန်ကုန်ပြောရရင် သူတို့ကြိုက်တဲ့ ရုပ်ရှင်မင်းသား၊ ဇာတ်မင်းသားကအစ ဒီတယောက်ဆို ဒီတယောက်ပဲ နောက်တယောက်ပြောင်းမကြိုက်ပဲ သစ္စာမြဲလှပါတယ်၊ ကိုကြီးကျောက်တို့ အဒေါ်တွေဆို ဝင်းဦး မှဝင်းဦး...၊ မင်းသားဝင်းဦးက စကားမပြောခင် မျက်စေ့လေး မှေးစဉ်းပြီး နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်နေတာကိုကြည့်ပြီး ကိုကြီးကျောက်တို့က တဟားဟား ရီနေပေမဲ့ ကိုကြီးကျောက်အဒေါ်မှာ အဲဒီအကြောင်းတွေးမိရင် ခု အသက် ၇၀ ကျော်တာတောင် ရင်တွေ တလှပ်လှပ် ဖြစ်နေတုန်းတဲ့၊ ဝင်းဦးနေရာမှာ မင်းသားရန်အောင်က ဝင်ရိုက်တာတောင် ကြည့်လို့မရဘူး၊ မကြိုက်ဘူးတဲ့၊

ကိုကြီးကျောက် သူငယ်ချင်းမကြီးတွေဆိုရင် သူတို့ခေတ်ကဇာတ်မင်းသား မန္တလေးသိန်းဇော်တို့ ချမ်းသာတို့ခေတ်...၊ သူတို့မှာ ခုထိ ဒီမင်းသားတွေကို လွမ်းတသသပြောနေတုန်း၊ ကိုကြီးကျောက်က ဟာ...ခုမင်းသားဖိုးချစ်ဆို အကကောင်းပါ့ သူ့အခွေကြည့်ဖူးတယ်လို့ပြောတော့ အမလေး....သိန်းဇော်လို အသံမကောင်းဘူးတဲ့..ဇာတ်သီချင်းကို Rap လိုဆိုတာတွေ ကြည့်မရဘူးတဲ့..၊ အမယ်...သူတို့သမီးတွေက သူတို့ကို ခေတ်ဟောင်းခေတ်ဆွေး အဖွားကြီးတွေဆိုပြီး နှာခေါင်းရှုံ့ပြကြသဗျ...၊ မိန်းမတွေများ သစ္စာရှိပုံက ဒါဆိုဒါပဲပေါ့ဗျာ..၊

ကိုကြီးကျောက်တို့ သစ္စာရှိတာမျိုးကိုကြ သူတို့က သဘောမပေါက်ကြဘူးခင်ဗျ..၊ ကိုကြီးကျောက်တို့ကတော့ လူပျိုပေါက်အရွယ် ၁၅ နှစ် ၁၆ နှစ်သား လောက်က အသက် ၂၀ နဲ့ ၂၅နှစ်ကြား မမကြီးတွေဆို အလွန်ကြိုက်ပလေတာ၊ ဟော.....ခု အသက်၅၀ ကျော်လာလဲ အသက် ၂၀ နဲ့ အစိတ်ကြား သမီးလေးတွေကို ကြိုက်တုန်းပဲ၊ ဒါဟာ ကိုကြီးကျောက်တို့ရဲ့ သစ္စာခိုင်မြဲမှုကို ပြတာပဲမဟုတ်ပါလားခင်ဗျာ...၊ သစ္စာရှိစွာနဲ့အဲဒီအရွယ်တွေပဲကြိုက်တယ်၊ ကိုယ်နဲ့ရွယ်တူ အသက်၄၀၊ ၅၀ အရွယ်ကြီးတွေကိုပြောင်းမကြိုက်ပေါင်ဗျာ...၊ကိုကြီးကျောက်တို့ ယောင်္ကျားတွေရဲ့ ဒီလိုသစ္စာရှိတာမျိုးကို မိန်းမတွေက သဘောမပေါက်ကြတာက ခက်တယ်၊

သူငယ်ချင်းတယောက်ဆိုရင် မယားငယ်လေးတယောက် ထပ်ယူထားတော့ သူ့မိန်းမ ကိုကြီးကျောက်ရဲ့ သူငယ်ချင်းမက နင့်လူကို ကြည့်ပြောပါအုန်း ..ဒီအရွယ်ကြီးကြမှ သစ္စာဖောက်တာတော့ မကောင်းဘူးဟယ်..လို့ပြောလို့ သူငယ်ချင်းမကို သေချာကြည့်တော့ အပျိုဘဝကထက် ကိုယ်လုံးက ၃ ဆလောက်ဖြစ်နေပြီ၊ ကိုကြီးကျောက်က ဒါနဲ့ သူ့ကိုပြောရတယ်...ဒီကောင်သစ္စာမဖောက်ပါဘူးဟာ အပျိုတုန်းကသူကြိုက်တဲ့ နင့်ကိုယ်လုံးလေးရှိတာမျိုးကို သစ္စာရှိရှိရှာထားတာပါဆိုတော့...ကိုကြီးကျောက်ကို သေနာကောင်..သူ့ပြောမှ ပိုဆိုးနေတယ်တဲ့..ကဲ...မိန်းမများ ယောင်္ကျားတွေရဲ့ သစ္စာကို ဒီလောက်ပေါင်းလာတာတောင် ခုထိသဘောမပေါက်သေးဘူး..၊ ဟိုတလောကတောင်..ဂျီးတော်ကြီးတယောက် သူ့အိမ်မှာ သူမရှိတုန်း ဘယ်ကရောက်လာမှန်းမသိတဲ့ ဘရာစီယာဆိုဒ်သေးတွေ တွေ့လို့ဆိုလား ဘလော့မှာရေးနေသေးတယ်..တကယ်တော့ ဂျီးတော်ကြီးက ဝ နေတဲ့ သူ့ကိုယ်လုံးကြီးကို သတိမထားတော့ ယောင်္ကျားတွေရဲ့ သစ္စာကိုနားမလည် နိုင်ဘူးဖြစ်သွားတာပေါ့၊

ကိုင်း...သစ္စာရှင်ကျောက်ရဲ့အကြောင်းကို စကြစို့လား..၊ကိုကြီးကျောက်တို့ မြိတ်နဲ့ဘုတ်ပြင်းမြို့ကြားက စဉ့်ကူကျွန်းမှာ field ဆင်းကြတော့ အဲဒီကျွန်းပေါ်က ရွာလေးတရွာမှာ မူလတန်းကျောင်းလေးက ဆရာမလေးနှစ်ယောက်ရှိတယ်၊ တယောက်က မြင့်မြင့်စန်းတဲ့၊ သူက စစ်ကိုင်းရွာသစ်ကြီးတိုင်းရင်းသားဖွံ့ဖြိုးရေးသိပ္ပံကနေ ကျောင်းဆင်းပြီး ဆရာမပေါက်စလေးပေါ့၊ ကိုကြီးကျောက်တို့ထက် ၃, ၄နှစ်လောက်ငယ်တယ်၊ မြိတ်သူလေး၊ သူက ရွာသစ်ကြီးမှာ ၄ နှစ်လောက်နေခဲ့တော့ ဗမာလိုလဲ မြိတ်သံမဝဲပဲ ပီပီသသပြောနိုင်တယ်၊ အညာကအစားအသောက်တွေလဲ ချက်တတ်လုပ်တတ်တယ်၊

သူက ကိုကြီးကျောက်ကို ဗမာထုံးစံအတိုင်း အကိုလို့ခေါ်တယ်၊ ကိုကြီးကျောက်က မိစန်းလို့ခေါ်တယ်၊ ဒီလိုခေါ်တာပြောတာတွေ မြိတ်နယ်က လူတွေကြားတော့ အံ့ဩကြတာပေါ့၊ ဘာလို့လဲဆိုတော့ ကိုယ့်ရည်းစားတို့ ယောင်္ကျားတို့မှ မြိတ်ကမိန်းမတွေက အကိုခေါ်တာကိုး..၊ တစိမ်းဆိုရင် ဦး လို့ခေါ်ကြတာ၊ ကိုကြီးကျောက်ဆို မြိတ်ရောက်စက အသက် ၆၀၊ ၇၀ အဖွားကြီးတွေကလဲ ကိုယ့်ကို ဦး လို့ခေါ်တော့ ကြားရတာအဆင်မပြေဘူး၊ နောက်တော့လဲ ရိုးသွားတာပေါ့လေ၊

မြင့်မြင့်စန်းနဲ့ ကိုကြီးကျောက်တို့ ဒီလိုတွေပြောနေကြတော့ ရွာကလူတွေက ဆရာမလေးနဲ့ ဒီပုဂံသားကတော့ ( ကိုကြီးကျောက်တို့ ဗမာပြည်မက လူတွေကို မြိတ်နယ်ကလူတွေက ပုဂံသားလို့ သုံးတာကိုး) ရည်းစားဖြစ်နေပြီလား ....သို့လော..သို့လော..ပေါ့လေ၊ ကိုကြီးကျောက်ကလဲ လူတွေဒီလိုထင်နေကြတာ မှန်ပါစေတော့ ဆိုပြီးစေတနာထားပြီး အားထုတ်လိုက်တာ မြင့်မြင့်စန်းနဲ့ ၂ပတ်လောက်ကြာတော့ ရည်းစားဖြစ်သွားရော...၊ ကိုကြီးကျောက်တို့ field သိမ်းဖို့ မြိတ်ကိုပြန်တော့ မြင့်မြင့်စန်းကလဲ နွေကျောင်းပိတ်ရက်ဆိုတော့ မြိတ်ကို ပြန်ရောက်ပြီ၊ ကိုကြီးကျောက်အတွက်တော့ ဟန်ကျတာပေါ့၊ မြင့်မြင့်စန်းတို့အိမ်ကလဲ သိမ်တော်ကြီးဘုရားကနေ ရဲစခန်းဖက်သွားတဲ့လမ်းမှာဆိုတော့ သူတို့အိမ်ကိုလဲ ခနခနရောက်ပေါ့လေ..၊

ကိုကြီးကျောက်ရောက်ခဲ့သမျှ ဗမာပြည်တွင်းက မြို့တွေမှာတော့ ကိုကြီးကျောက်ကတော့ မြိတ်ကို အကြိုက်ဆုံးပါပဲ၊ ကိုယ်ကြိုက်တဲ့ ပင်လယ်စာကလဲ အဲဒီအချိန်ကပေါ (ခုတော့မသိဘူး)၊ မြို့လယ်ကတောင်ကုန်းပေါ်က သိမ်တော်ကြီး ဘုရားကနေကြည့်ရင် တမြို့လုံးနဲ့ ကျွန်းစုတွေ၊ ကပ္ပလီ ပင်လယ်ကြီးပါ မြင်နေရတာ အင်မတန်သာယာတာကိုး၊ ပိုပြီးသာယာတာကတော့ ညနေစောင်းရင် တမြို့လုံးက အပျိုတွေက ဘုရား လာကြတာကလား၊ ကိုကြီးကျောက်တို့ အကြိုက်ပေါ့ဗျာ..၊ အပျိုအုပ်စုမြင်ရင် အတင်းရောအဓမ္မရော စကားတွေဝင်ပြော နာမည်တွေမေး၊ နေရပ်မေး၊ သူတို့အိမ်တွေ နောက်ရက်မှာ ဇွတ်သွားလည်၊ အဲဒီအချိန်က မြိတ်မှာ ပုဂံသားလေသံနဲ့ပြောတာရှားလေတော့ ကိုကြီးကျောက်တို့စကားပြောရင် ဧည့်သည်မှန်းသိတော့ မိန်းကလေးများကလဲ လိုလိုလားစကားပြောကြသဗျ၊

မြိတ်မှာကလဲ ကိုကြီးကျောက်တို့က အားနေချိန်ဆိုတော့ နေ့တိုင်း ဘုရားဖူးလိုက် လိပ်မလေးတွေနဲ့ စကားပြောလိုက်ပေါ့ဗျာ၊ အဲ....မြင့်မြင့်စန်းဆီကိုလဲ မပျက်ကွက်ရဘူးပေါ့ဗျာ၊ သူ့အိမ်သွားရင် ကိုကြီးကျောက်ကတော့ မြိတ်အရေးပိုင် မောရစ်ကောလစ်စ် နေခဲ့တဲ့ သရဲချောက်တယ်ဆိုတဲ့ အိမ်ကြီးကိုဖြတ်သွားရင်း စိတ်ဝင်တစားကြည့်ရတာအမော၊ အဲဒီအချိန်မှာ အဲဒီအိမ်ကြီးကို မြိတ်အနောက်မြို့နယ်ရုံးလုပ်ထားတာမို့ ကိုကြီးကျောက် ၃,၄ ခေါက်လောက်တော့ရောက်ဖူးတယ်၊ မြိတ်အနောက်မြို့နယ်က ကတန်ကျွန်းကို ရွှေ့ဖို့ပြင်တုန်းမို့ မြိတ်မှာပဲ မြိတ်အရှေ့၊ မြိတ်အနောက်ရုံးတွေရှိတာကိုး၊ နောက် ..သိမ်တော်ကြီးဘုရားခြေရင်းမှာ ပင်လယ်ဓါးပြဗိုလ် Siamese White ရဲ့ မိန်းမ မေရီပိုဗေးလ်ရဲ့ အုတ်ဂူကျောက်စာလေးရှိနေတုန်း၊ ခုတော့ ရှေးအမွေတွေ ဖျက်ဆီးပစ်လိုက်သလားမသိတော့ပါဘူး၊

ကိုင်း..ဒါတွေထားတော့ ကိုကြီးကျောက်ဇာတ်လမ်းလေး ပြန်ဆက်ရအောင်၊ ကိုကြီးကျောက်တို့က ကန်ခေါင်းရပ်မှာ အိမ်ငှားနေကြတော့ အရပ်ထဲက မအေး ဆိုတာနဲ့ကလဲ မြင်ပါများတော့ ဘာလိုလိုဖြစ်လာတယ်၊ သူကသာသာထိုးထိုးကြိုက်တာပါလေ..၊ ကိုကြီးကျောက်က ဒီလောက်လောဘမရှိပါဘူး၊ ဒါနဲ့ တညနေတော့ သူက ကိုကြီးကျောက်ကို ဘုရားသွားရအောင်လို့လာခေါ်လာတယ်၊ ကိုကြီးကျောက်လဲ မိန်းကလေးတွေနဲ့သွားရမယ်ဆိုရင် မငြင်းတတ်တော့ မအေးနဲ့ ဘုရားအတူတူ သွားကြတာပေါ့လေ..၊ အမယ်...ဘုရားလဲရောက်ရော မရွှေအေးက ဘုရားမှာ လေညှင်းခံရင်း ခနထိုင်ကြမယ်ဆိုပြီး ဘာမပြောညာမပြော ပခုံးမှာမှီပြီး ပင်လယ်လေညှင်းခံပလေတာကိုး...၊

ဘုရားမှာကလဲ မြင့်မြင့်စန်းသူငယ်ချင်း ဆရာမလေးကလဲ ရှိနေတော့ဘုရားကုန်းတော်ပေါ်ကနေ လော်စပီကာကြီးနဲ့ အရပ်ရှစ်မျက်နှာကြားအောင် အော်လိုက်တာကမှ မြင့်မြင့်စန်းနားထဲကို ဒုတ်ဒုတ်ထိအောင်ရောက်ချင်မှရောက်မယ်၊ခုတော့ ဗမာပြည်က ကွန်နက်ရှင်ထက်တောင်မြန်သေး၊ ဒီမျက်နှာက ကိုကိုကျောက် ဆိုတာကလဲ ဒီတကျောက်ပဲရှိတာကိုး..နောက်တကျောက်ရှိတာမျိုးမဟုတ်တော့ လူကမလွဲပေဘူးပေါ့..၊ ဘုရားနဲ့ မြင့်မြင့်စန်းတို့အိမ်ကလဲ သိတ်မဝေးလေတော့ သတင်းကချက်ချင်းရောက်သွားပြီးသူ ဘုရားပေါ်တက်လာချိန်မှာဘုရားမှာ ကိုကြီးကျောက်နဲ့မအေးတို့ အတွဲကို ပက်ပင်းတွေ့ပါလေရောဗျာ...၊

နောက်တနေ့မနက်မှာ ကိုကြီးကျောက်က အယူခံဝင်ဖို့မြင့်မြင့်စန်းဆီသွားတော့ သူက ကိုကြီးကျောက်ကို ပြောသဗျ..ကိုကြီးကျောက်ကို မြင်မြင်ခြင်း အေးအေးဆေးဆေးလေးမို့ မရှုတ်မပွေတတ်တဲ့ သစ္စာရှိတဲ့ သစ္စာရှင်လို့ ထင်မှတ်ထားတာ မှားပါတယ်ပေါ့၊ သစ္စာမရှိတဲ့သူနဲ့ လက်တွဲဖို့ မစဉ်းစားရဲပါဘူးလို့ ငိုကြီးချက်မနဲ့ပြောသဗျ..၊ ကိုကြီးကျောက်ကလဲ သူစိတ်ဆိုးလဲခနပေါ့လေဆိုပြီး နောက်မဖြစ်စေရပါဘူးတို့ ၊ဘာဘာညာညာ ပြောပြီးချော့ပေမဲ့မရဘူးခင်ဗျ၊ ဒါနဲ့ သူ စိတ်ဆိုးမပြေနိုင်သေးခင် ကိုကြီးကျောက်တို့ ရန်ကုန်ကို ချက်ချင်းပြန်စရာအကြောင်းဖြစ်လာတော့ ပြန်သာလာခဲ့ရတယ် သူစိတ်ကောက်ပြေအောင် မချော့နိုင်ခဲ့ပါဘူးဗျာ၊

တကယ်တော့ ကိုကြီးကျောက်တို့ယောင်္ကျားတွေဟာ သစ္စာရှင်တွေဆိုတာ သူတို့မိန်းမတွေက သဘောမပေါက်ကြတာက တော်တော်ခက်သဗျ၊ ကိုကြီးကျောက်ရဲ့ သစ္စာဆိုရင် တယောက်ထဲမှာပဲ သေမနေပဲ မိန်းမအများအတွက် အမြဲရှင်သန်တာမို့ သစ္စာရှင်ကိုကြီးကျောက်ဟာ ခုထိလူပျိုကြီးဖြစ်နေတာ မဟုတ်ပါလားခင်ဗျာ။.......။

(စာရေးရင် မြိတ် လို့ရေးပေမဲ့ စကားပြောရင် ဘိတ်လို့ ခေါ်ရတာ စီးစီးပိုင်ပိုင်နဲ့ အားရပါးရရှိလှတယ်လို့ ကိုကြီးကျောက်က ထင်သဗျ)

google ကပုံလေးရှာထားပါသည်။

39 comments:

An Asian Tour Operator said...

ကိုကြီးကျောက်ရေ..
ကျနော်ကတော့ တယောက်ဆိုတယောက်၊
ပိတောက်ဆို ပိတောက်၊
ခမောက် ဆို ခမောက် ပဲခင်ဗျ။

ကိုကိုမောင်(ပန်းရနံ့) said...

ဘကျောက်...
သစ္စာရှင်ကြီး ပေဘဲ။ တော်တော်ကို သစ္စာရှိသား။ ဒါကို မိန်းခလေးတွေက နားမလည်ကြဘူး။ ခက်ပါ့။

ဂံသားကျောက်တို့ လုပ်လိုက်မှ တော်သေးတယ်။ ဘိတ်သားတွေ သဘောကောင်းလို့ နို့မို့ဆို စာတောင် ဖတ်ခွင့်ရတော့မှာ မဟုတ်ဘူး။ :D

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

sosegado said...

သြော် သူ့ခင်ဗျာလဲ ကိုကြီးကျောက် ကတော် ဖြစ်ကိန်းမပါလာပဲကိုး၊
သစ္စာရှိကျေးလို့ ပြောထားရင်ပိုဆိုးသွားမှာပဲ။

မေဓာဝီ said...

ကျောက်သစ္စာရှင်ရဲ့ ဇာတ်လမ်းက မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ် အလယ်ဘလောက် ဇာတ်လမ်းကိုးးးး
ကျောက်သစ္စာရှင်ကြီး သစ္စာရှိပါပေတယ်။ ခုချိန်ထိ ရည်းစားဟောင်းတွေအားလုံးအပေါ်မှာ သစ္စာရှိရှိ လူပြိုကြီးဘ၀နဲ့ အရိုးရော အသားရော အကုန်ထုတ်နေတာ ... နော်။ နည်းတဲ့သစ္စာမဟုတ်ဘူး .... ဟွန်းဟွန်းးး

အဖြူရောင်နတ်သမီး said...

သစ္စာရှင်ကြီး ဘကျောက်...

မှတ်သားစရာ ယောက်ျားသားများရဲ့သစ္စာရှိပုံကို အစ အဆုံး ၂ခေါက်ဖတ်သွား၏...

သစ်နက်ဆူး said...

အော်...
ငါ့အကိုကြီးဟာ ဒီလိုသစ္စာတရားကို
လက်ကိုင်ထားလို့ 
အသက်ရှည်စွာအနာမဲ့ကြောင်း..ဖြစ်ပြီး
ထာဝရ.. လန့် ..လန်..လန်းနေတာပေါ့။

မယ့်ကိုး said...

လေးလေးတို့ယောက်ျားတွေ သစ္စာရှိပုံများများဒီထက်ရေးရင် blogger မိန်းကလေးတွေအားလုံး အပျိုကြီးဖြစ်ဖို့ များတယ် :P

မယ်ကိုး said...

အဲ ယောင်ပြီး နာမည်နဲ့ မန့်တာကို publish လုပ်မိတာလေးလေး ရေ ဖျက်လိုက်ပါနော် ရပါတယ်း)

rose said...

ကိုကြီးကျောက်ရဲ့ သစ္စာတရား ကြီးမားပုံကို လာရောက် ဖတ်ရှု ပါတယ်း))))
http://redroseofburma.blogspot.com/

မယ်ကြည် said...

ဘကျောက် သစ္စာ၇ှင်ကြီး ဘကျောက်

ဒီပို့ စ်ကိုများ အိမ်ကလူကိုပေးဖတ်မိရင်တော့ သူလည်းသစ္စာရှိတဲ့ထဲပါတယ်ပြောမှာသေချာတယ်

အရင်ကလည်း ၁၀ နှစ်ငယ်တာကြိုက်တယ် ခုလည်း ၁၀ နှစ်ငယ်တာကြိုက်တယ်ပြောရင်ပြောမှာ
ခက်ပြီ

seesein said...

ကျောက်ကျောက် သစ္စာတရားဖွေရှာ
လေဒီလောက အလယ်မှာ
အခုတော့ ပုဂံသားကျောက်ခမျာ
လူပြိုကြီးဘ၀နဲ့ နေရှာ။

ခင်မင်တဲ့
နှမငယ်

ko 9 said...

ယောင်္ကျာံးခြင်းပဲနားလည်မယ်ထင်ပ..ဟဟ
(မိန်းမမရှိတုံးေ၇းလိုက်၏)

Chinniah.ramasamy said...

ကိုကျောက် လို .. ဘိတ်ရောက် ဂံသား ဇတ်လမ်းတွေတော့ မချန်နိုင် ပါဘူး .. သိမ်တော်ကြီးဘုရားပွဲ မှာ ဘော့လုံး လှိမ့်လို့ ဂိုယာပေါင်ဒါတွေ ပေါက်တာဘဲ သတိရတယ် ..
B6, B8 တို့ဘာညာပေါ့

ကိုအောင်(ပျူနိုင်ငံ) said...

သစ္စာရှင်ကျောက် ကျန်းမာရေး ဒေါင်ဒင်မြည်
နေပုံရ၏၊ ၀မ်းသာတယ်ဗျို့ .... :P

မောင်မျိုး said...

ဒါပေါ့ ဒါပေါ့ ပြောပြလိုက် ပြောပြလိုက်း)

Nge Naing said...

အန်ကယ်နိုင် အရင်တခါ ပို့စ်တုန်းက မူစလင်မလေးနဲ့ တခါ အခုတခါဆိုဘိတ်မှာ မိန်းကလေးတွေနဲ့ ရှုပ်တာ နှစ်ကြိမ်ရှိပြီနော့်။ ကျွန်မတို့နယ်က လူတွေက ပုဂံဆိုရင် အ၀င်မကန်ရင် အထွက်ကန်တတ်တယ်လို့ ပြောလေ့ရှိတာ အန်ကယ်နိုင်တို့လို လူတွေကြောင့် ဖြစ်လာတာ သေချာတယ်။ ပုဂံဆို သစ္စာမရှိလို့ ဘယ်ပုဂံကိုမှ မယုံရဘူးလို့ အယူရှိပြီး မိဘတွေက သားသမီးတွေကို သတိပေးလေ့ရှိပါတယ်။ ဒါပေမဲ့ ကျွန်မ ရထားတဲ့ ပုဂံတော့ အန်ကယ်နိုင်တို့လို မဟုတ်ဘူး ၁၅ နှစ်ရှိပြီ။ အခုထိတော့ သစ္စာရှိတုန်းပဲ၊ ပုဂံထဲက ထူးခြားတဲ့ပုဂံဖြစ်ဖို့များတယ်။

အန်ကယ်နိုင် ကျန်းမာရေး အခြေအနေက ဘယ်လိုရှိလဲ။ ကျန်းမာရေးလည်း ဂရုစိုက်နော့်။

မိုးယံ (လူသားအားလုံးအတွက်) said...

သူက စစ်ကိုင်းရွာသစ်ကြီးတိုင်း ရင်သားဖွံ့ဖြိုးရေးသိပ္ပံက ဦးစီးမှူး ဒေါ်မြင့်မြင့်စန်းက

ဘကျောက်တစ်ယောက် အေးအေးနဲ့ ဘုရားပေါ်မှာ လေညှင်းခံနေနိုင်ပေမယ့် သူရင်ထဲ အေးမယ်မထင် သစ္စာရှင် ကိုကိုကျောက်ရယ်..

ni said...

ကိုကြီးကျောက်ရဲ့ ဇတ်လမ်းအဆက်လေးမျှော်နေပါသည်.

ကိုကြီးကျောက်တို့ဘိတ်ကပြန်လာမှ
ဘိတ်သူသည်ဘိတ်သားအတွက် ဘိတ်သားသည်တပြည်လုံးအတွက် ဆိုတဲ့ စာချိုးပေါ်လာတာနဲ့တူတယ် . :)

...အလင်းစက်များ said...

“တော်ပါ ကိုကိုကျောက်ရယ်.. ဟွန်း ရှင့်လို ဆိုဒ်သေးဝတ်သမျှ အကုန်ကြိုက်တတ်တဲ့ လူစားမျိုး ဒီတစ်သက် ပြန်မချစ်နိုင်ဘူး” မြင့်မြင့်စန်းလေသံ...

ဘိတ်စကားကတော့ နားထောင်ရသိပ်စိတ်ညစ်တာပဲ... မြန်မာစကားကို မြန်မာနားမလည်အောင်ပြောကြသကိုး..

သစ္စာရှင်ဂျီးကျန်းမာပါစေ...

Nay Lin said...

သစ္စာတွေ မေတ္တာတွေနဲ့ ဒီလူကြီး ရေလာအောင်
မြောင်းတူးနေပြီထင်တယ်..:-)

ZT said...

အဲဒီမှာ လော်စပီကာ နဲ့ မအော်ဘူးလား။ ဘုရားပေးတဲ့ သားတော်တွေလည်း များလှပါပြီ။ ပုဂံသားတွေ သတိထားပါ ဆိုတာမျိုး။ :D

ခနွဲ said...

သစ္စာရှင် ဘကျောက် ကျန်းမာပါစ။ ကျွန်တော့်ကိုလည်း သစ္စာမရှိဘူးလို့ အစွပ်စွဲခံရဘူးတယ်။ သူတို့နားမလည်တာပါနော့ ဘကျောက်ရာ။

စော(အဝါရောင်မြေ) said...

အင်း အမျိုးသမီးတွေရဲ့ သစ္စာလည်း အဲလို ရှင် လိုက်မယ်လေ . . .။
ကိုက ဘယ်ဆိုဒ်၊ ဘယ် အရွယ် ဖြစ်ဖြစ်လေ . . .ကိုကြီကျောက်တောင် ဆိုဒ်မပြောင်းပေမယ့် ၊ အရွယ်ကိုတော့ မတားနိုင်ပါဘူးနော်။
မိန်းမတွေရဲ့  သစ္စာရှင်လာမှ ယောက်ျားတွေ ကလေးတွေထိန်း၊ အိမ်အလုတ်တွေလုတ်နဲ့  အကုန် လက်ပြောင်းယူ သွားရလိမ့်မယ် .. .. .. :D

MyoAung-mdy said...

ဘကျောက်.......သစ္စာရှင်ကြီးဘကျောက်..........ဘကျောက် ဗျောင်းပြန်တွေးတော့ ဗောက်ကျ..ရေချိုးနော်ခေါင်းလျှော်နော်။ သစ္စာဓါတ်တွေကူးသွားတယ် ဝဲကြောက်လို့....နာမည်ပဲရေးခဲ့တယ်

ရွှေစင်ဦး said...

သစွာရှင်ကျောက် ရေ

လူပျိုကြီးဖြစ်ရတဲ့ အကြောင်းကို သဘောပေါက် သွားပြီ သစ္စကြီးလွန်းတာကိုး

မအားလို့ ကျောက်ရေ သတိရနေပါတယ်

ချစ်နှမ
ရွှေစင်

kay said...

ကိုကြီးကျောက်တော့နော်..
သစ်စ ဆူးတော့မယ်..
း)

နေကောင်းနေတယ်ပေါ့..

ဟန်ကြည် said...

အောင်မလေး...ရှင်လိုက်တဲ့သစ္စာပါလားခင်ဗျာ...စိတ်ရောကိုယ်ပါ အားမပေးနိုင်တဲ့ဘ၀မို့ လှမ်းပြီးမုဒိတာ ပွားလိုက်ပါရဲ့ ကိုကျောက်ရေ...

မောင်လေး said...

ဟုတ်တယ် ကိုကြီးကျောက်..အနော်တို့က သစ္စာရှင်ကြီးတွေ....:))

tg.nwai said...

အော်..အခုမှပဲ သဘောပေါက်တော့တယ်..ယောကျာင်္းတွေရဲ့ သစ္စာက ပိုပြီး ခိုင်မြဲတယ်ဆိုတာ..သူတို့က ပုဂိုလ်စွဲမှ မရှိပေတာကိုး..း)

Ki Ki said...

ဒါ့ကြောင့် ဦးဝင်းဦး ဆိုခဲ့တာ..“ သစ္စာ ” သီချင်း ထဲမှာ လေ..
“လှပမှု တွေ ပေါင်းစုံ စုစည်းကာ မောင့်ပါတ်ဝန်းကျင်မှာ ဖြူ နီ ပြာ ရောင်စုံသွေးးမွှေးကြလေတာ .. %*@!”
ဘကျောက် အတွက် ရည်ရွယ်တာ နေမှာ ပဲ။

ခုခေတ်တော့ သစ်စာ အရေးမကြီးး တော့ပါ...“သစ်ဆိုင်” ပိုင်တဲ့သူများ မျက်နှာ ပွင့်ပါ၏ ။

သစ္စာမရှိလည်း အရေးမကြီး
ကျန်းမာဖို့ သာ အရေးကြီး၏..း))

မယ်ကိ

Anonymous said...

ကိုဂံကျောက်တို့ များ သစ္စာရှိပုံ ရေးသားတင်ပြလိုက်တာ
ကွက်ကွက်ကွင်းကွင်း ထင်းခနဲလင်းခနဲ မြင်သာထင်သာရှိတာဗျာ။
အဲဂလိုသစ္စာရှင်များလုပ်ဦးမှ..
အတုတွေခိုးသွားတယ်ဗျို့  ကိုကိုဂံကျောက်ခင်ဗျာ...

မောင်မောင်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီလိုဆို အမြဲတမ်းဆိုဒ်သေးအောင်ပဲ ဂရုတစိုက် အားထုတ်ရမဲ့ပုံ..
တော်ပြီ ဒီနေ့ကစပြီး ထမင်းမစားတော့ဘူး
ဘယ်သူလာပြောပြော မစားဘူး
အစာငတ်ခံလိုက်ဦးမယ်
တစ်ခုခုဖြစ်လို့ကတော့ သစ္စာရှင်ကြီး ကိုကြီးကျောက်ရဲ့ ပိုစ့်ကြောင့်ပဲ။
ဒါဘဲ

Anonymous said...

ဟာ ဇတ်လမ်းက ဟုတ်မလိုလိုနဲ့ ကျန်ရစ် ဖြစ်တာကိုး မြင့်မြင့်စန်းက ကောက်ရင် မအေးနဲ့ ညိလိုက်ပေါ့ အထင်လွဲနေရင် အထင်မှန်အောင် လွတ်သွားတဲ့ငါး လွှတ်ပေးလိုက် လက်ထဲခုန်ဝင်လာတဲ့ငါး ကို သစာရှိရှိ ကိုင်ထားတာ မဟုတ်ဘူး သစာမရှိလို့  လွတ်သွားတဲ့ ငါး ကို လိုက်နေတာ
ဒါကြောင့် သစာ မရှင် ကျောက် လို့ ပြောင်းရမယ်။
း-)

ဘကျောက် ပို့ စ် ဆက်နေတော့ နေကောင်းလို့ ဖြစ်ရမယ် လို့ ယူဆပါတယ်။ မြန်မြန်ကျန်းမာလာပါစေ လို့ ဆုတောင်းပေးပါတယ်။

ဆောင်း

Vista said...

ကကြီးကျောက် တစ်စာ တရားက အံမခန်းပါတကား

မြစ်ကျိုးအင်း said...

ဒီလို သစ္စာတရားမျိုးက လူကိုလန်းဆန်စေတယ် ဆိုပါတော့။ တယောက်ထဲဆို ငြီးငွေ့မိမှာစိုးလို့ စေတနာ ထားတာလဲ ပါမယ်ထင်တယ်နော်။

ဂျစ်တူး(မုံရွာ) said...

ကျန်းမာပါစေမင်္ဂလာပါ---
အို-----အသင်သစ္ဏာရှင်ကြီးဘကျောက်----
သင်သစ္ဏာရှိတယ်ဆိုတာကျွန်ုပ်ကောင်းကောင်းကြီးသိပါပြီ
အသင်ဘကျောက်---(ဖာတလုံးခေါင်းကျားလေသံနှင့်
ပြောသွားပါသည်)

Cameron said...

တစ်ယောက်ဆိုတစ်ယောက်..ပိတောက်ဆို...ပိတောက်...
ငါးခြောက်ဆို...ငါခြောက် ဒါမျိုးခေတ်က သိုးကုန်ပါပြီ...။ တို့လဲ ကျောက်သစ္စာရှင်ကိုအားကျလို့ မိုးသစ္စာရှင်လုပ်မလို့...ကိုကြီးကျောက်လိုပဲ ဆယ့်လေးငါးနှစ်တုန်းကလဲ နှစ်ဆယ် အစိပ်အရွယ်အကိုကြီးတွေကိုသဘောကျတယ် ခုလေးဆယ်နားနီးတော့လဲ အဲဒီအရွယ်မောင်လေးတွေကိုသဘောကျတယ်...ကဲ ဘယ်လိုလုပ်မလဲ...။

ကိုဇော် said...

အဲဒီလို သစ္စာရှိရတာတော့ ကြိုက်သဗျာ။
ဘိတ်က ဇာတ်လမ်းကို ဘိတ်ဆုံးက ဖတ်သွားတယ်ဗျာ။

သံလွင်ဟီးရိုး said...

ဦးကျောက်ကဘိတ်ပဲသွားတယ်....
ထားဝယ်ကိုကောမလာဘူးလား ????